Until The End ( Part -8)
လင်းသစ်က ညီနေခ၏ တဖြည်းဖြည်းလဲကျလာသော ကိုယ်အား ထိန်းပေးရင်း....
"ဟာ...ဟေ့...ဟေ့..မင်း..မင်းဘာဖြစ်တာလဲ... တုတ်တုတ်... တုတ်တုတ်ရေ... လာပါအုံး.. ဘယ်သူမှမရှိဘူးလား... လာကြပါအုံး...”
ဟုတကြော်ကြော်အော်ခေါ်လိုက်လေတော့သည်။
ညီနေခက တိုးလျသော အသံတို့ဖြင့်...
"အ...အသက်...ရှု...လို့..မ..ရတော့ဘူး...ဦးငယ်... ကယ်..ကယ်ပါ...”
ဟုဆိုလိုက်လေသည်။လင်းသစ်က..
"ခ... ခဏ..လေး.. ကိုယ်.. ကိုယ်.. မင်းသက်သောင့်သက်သာဖြစ်အောင် လုပ်ပေးမယ်”
ဟုဆိုကာ လှေကားလက်ရမ်းကို ကျောမှီထိုင်လိုက်ရင်း.. ညီနေခကိုယ်အား..သူ့ရင်ဘတ်ပေါ်တွင်မှီထိုင်စေလျက်... လက်ထဲမှ စာအုပ်နှင့်.. လေရအောင် တဖျပ်ဖျပ်ခပ်ပေးလိုက်လေသည်။ညီနေခက သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့်ဖိကိုင်ရင်း....
"အ.... ဦး..ဦး..ငယ်.. မ..မရတော့ ဘူး.. မျက်လုံးတွေလဲပြာလာပြီ... ညီ...ညီ..သေ..တော့မယ်ထင်တယ်....အစ်...အစ်...”ဟုဆိုလိုက်ကာ.. လင်းသစ်ရင်ခွင်ထဲ၌ ပျော့ခွေကျသွား လေတော့သည်။
လင်းသစ်မျက်လုံးတို့ပြူးပြာသွားပြီး..
"ဟာ... ညီနေခ... ညီနေခ... မဟုတ်သေးဘူးလေ... တုတ်တုတ်ရေ... လာကြပါအုံးဘယ်သူမှမရှိကြတော့ဘူးလား....”လင်းသစ်၏ ဆူညံစွာအော်ခေါ်လိုက်သံကြောင့် တုတ်တုတ်ရော ဒေါ်မေရီစိုးပါရောက်လာကြလေသည်။
လှေကားအလည်တွင်... လင်းသစ်ရင်ကိုမှီ၍ ပျော့ခွေနေသော.. ညီနေခအားတွေ့လိုက်ရသော်...ဒေါ်မေမီစိုး စိုးရိမ်တကြီးပြေးတက်လာပြီး...
"အမလေး...ညီခ.. မြေးလေး.. ဘယ်လိုဖြစ်ရတာလဲ...ဘာဖြစ်တာလဲ...”ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေခဲ့သလို တုတ်တုတ်မှာလဲ....
"ကိုကိုလေး... ကိုကိုလေး.. အမယ်လေး..ဒုက္ခဘဲ....”ဟူ၍ တကြော်ကြော်ခေါ်နေလေသည်။
လင်းသစ်ကိုယ်တိုင်လဲ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေမိသည်။ သူ ညီနေခကို ကြည့်မရသည်မှန်သော်လဲ ယခုကဲ့သို့ဖြစ်သွားရသည်ကို ပျော်နေရလောက်အောင်ထိတော့ စိတ်မပုတ်သဖြင့်..
YOU ARE READING
Until The End (Complete)
RomanceUntil The End ဟိုး..မှာမြင်နေရတဲ့ အပြာရောင်မိုးကောင်းကင်ကြီးကို ကြည့်လိုက်ပါ... သူ့မှာ အဆုံးသတ်တွေမရှိဘူး.. အဲ့လိုဘဲ ညီ့အချစ်တွေကလဲအဆုံးသတ်မရှိ ထာဝရအတွက် ဖြစ်တည်လာခြင်းပါ ဦးငယ်...။ ညီနေခ အချစ်ဆိုတာ..မပြေ...