Part-1

1.9K 111 47
                                    

Unicode

(Kris'pov)

မာနဟာ ကိုယ့်ရဲ့ဘဝဖြစ်ပြီး..
အဲ့မာနဟာ ကိုယ့်ကိုကျရှုံးခြင်းစီခေါ်ဆောင်တယ်

ကိုယ့်အတွက် အရှုံးဆိုတာ...

မင်းကြောင့်များဖြစ်နေခဲ့တာလား

(အင့်)

"အားး! နောက်ကျနေပြီ"

နာရီကြည့်ပြီး အသည်းအသန်ပြေးလာတာ လမ်းကလူတွေကိုတိုက်မိလိုတိုက်မိ ချော်လဲမလိုတွေလဲဖြစ်

အသက်တောင်ရှူ​နေရဲ့လားမသိအောင်ကို အမောဆို့နေပြီ

ပြန်အပ်တဲ့hotelအခန်းသော့ကိုယူလာမိလို​့ တခေါက်ပြန်သွားပေးရသေးတယ်

"မင်းနောက်ကျပြန်ပြီ kris"

"အင်း 5မိနစ်ထဲပါ"
​နောက်ကျတယ်ဆိုတာကိုယ့်အတွက်မဆန်းတော့

အလုပ်ကိုရသလောက်လုပ်နေတာမို့ တခုပြီးတာနဲ့တခုပြေးလာရတာ

မနက်ပိုင်းအလုပ်ကတော့ Hotelဝန်ထမ်း

ဒီနေရာကတော့...
မကောင်းတဲ့နေရာလို့ပဲပြောရမလား

Waiterအဝတ်အစားမြန်မြန်လဲဝတ်လိုက်ပြီး VIPအခန်းကမှာထားသည့် ပုလင်းတွေဗန်းထဲထည့်လိုက်သည်

ခွက်က5ခွက်ပေမဲ့ တခွက်ကဘာလို့ပိုပြ specialဖြစ်နေရတာလဲ

ထားပါ ကိုယ်နဲ့မဆိုင်ဘူးလေ

"ပြဿနာမဖြစ်စေနဲ့နော် kris"

ကိုယ့်ထက်လုပ်သက်ရင့်နေပြီဖြစ်သော သူငယ်ချင်း(Minho)ကသတိပေးတော့ ခေါင်းသာညှိမ့်ပြရင်း

ထိုအခန်းစီရောက်လာခဲ့သည်

ကိုယ်ကပြဿနာရှာတာမဟုတ်ပါဘူး သည်းမခံတတ်တာလို့ပဲပြောရမလား

အဲ့ဒါကြောင့်အလုပ်တခုပြီးတခုပြောင်းနေရတာ

ဒီအလုပ်ကတော့ မှာတာကိုလိုက်ချပေးရုံပဲလေ ပြီးရင်သူတို့လိုချင်တဲ့မိန်းကလေးတေ​ွခေါ်ပေးရတယ်

ပင်ပန်းပေမဲ့ပိုက်ဆံအများကြီးရတယ်

"လိုအပ်တာရှိရင်ပြောပါ"

မှုန်ပျပျအလင်းရောင်နဲ့အခန်းက
စားပွဲပေါ်ဖန်ခွက်တွေနှင့်အရက်ပုလင်းချပေးနေလိုက်သည်

ရှုံးးး(Z And U) completedWhere stories live. Discover now