Part-6

703 81 74
                                    

Unicode

"ဟက် အလုပ်အသစ်မှာထပ်တွေ့ကြပြန်ပြီနော်"

ပါးချိုင့်နဲ့ကောင်လေး...

သူပဲ
ထပ်ပြီး သူပဲ...

ဒါတိုက်ဆိုင်တာမဟ​ုတ်တော့ဘူး
ကျတော့်ကိုအနှောင့်အယှက်ပေးနေတာပဲ

"ဖယ်ပေးလို့ရမလား ကိုယ်အကျီလဲရမှာမို့ပါ"

ကောင်လေးကရှေ့တည့်တည့်ပိတ်ရပ်နေတာမို့ဘယ်လိုမှရှောင်လို့မရ
တခြားလူဆိုတွန်းတိုက်ပြီးသွားလို့ရပေမဲ့ပထမဆုံးအလုပ်ဝင်တဲ့နေ့မှာအလုပ်မထွက်ချင်သေး

"ကျတော်လဲပေးမယ်လေ"

"!..မနောက်ပါနဲ့ ဖယ်ပါ"

ရုပ်တည်နဲ့လာနောက်နေတာမို့ လန့်သွားရသည်

ကိုယ်အစောကြီးရောက်တာပေမဲ့ဆိုင်ရှင်နဲ့ဝန်ထမ်းအချို့တော့ရှိနေတာမို့ ကောင်လေးနဲ့ကျတော့်အဖြစ်ကလူမြင်ကွင်းမှာ

"ဒါဆို..အကျီမြန်မြန်လဲ ကျတော်ဗိုက်ဆာနေပြီ"

သူဖယ်ပေးမှပဲသွားလို့ရကာအကျီလဲလိုက်ပြီးမနက်အစောကြီး ပထမဆုံးဧည့်သည်ဖြစ်တဲ့ကောင်လေးကို သူစားချင်တာ ဆက်သရသည်

"ကြက်ကြော်ကကောင်းရဲ့လား
ခများစားကြည့်ပါဦး kris wu"

ဘာစိတ်ကူးပေါက်မှန်းမသိတဲ့ကောင်လေးကထိုင်နေရာကနေလှမ်းပြီးကျတော့်စီကြက်ကြော်တစ်တုံးပေးသည်
သူ့အလိုကျလိုက်မလုပ်ပေးရင်ပြဿနာရှာမှာဆိုးတာကြောင့် ကိုယ်လှမ်းယူမည်လုပ်တော့

(ဘုတ်)

"အာ...ဘယ်လိုလုပ်မလဲ အောက်ကျသွားပြီ"

အောက်ကိုတမင်ပစ်ချပြီးရေရွတ်တဲ့ကောင်လေးကခပ်ပြုံးပြုံးနဲ့ ကိုယ့်ကိုတိရစ္ဆာန်တကောင်လိုဆက်ဆံသည်
​မာနထိခိုက်လွန်းလို့သောင်းကျန်းပစ်ချင်ပေမဲ့ဒီတခါပါပြဿနာဖြစ်သွားရင်ကျတော်တို့ဘယ်အချိန်ထိသံသရာလည်နေမလဲမသိ

လက်သီးကိုခပ်တင်းတင်းဆုပ်ထားရုံကလွဲလို့ကိုယ်ဘာမှမတုံ့ပြန်နိုင်

"သူကအခုမှအလုပ်စဝင်တာပါ အဲ့လိုမလုပ်ပါနဲ့ ဧည့်သည်"

မမြင်ရက်နိုင်တော့လို့လားမသိ
ကိုယ့်လိုတယောက်ကဝင်ပြောသည်

ရှုံးးး(Z And U) completedDonde viven las historias. Descúbrelo ahora