<Unicode>
"ပိုက်ဆံပေးမယ် ခများဘယ်လောက်လိုချင်လဲ"
တခါးလက်ကိုင်စီလှမ်းလိုက်တဲ့လက်တွေတဆတ်ဆတ်တုန်လာသလို အံကိုလဲခပ်တင်းတင်းကြိတ်ထားလိုက်မိသည်
အဲ့လိုစကားမျိုးကို...ပထမဆုံးကြားဖူးတာပဲ...
လူတိုင်းရှေ့မှာ Kris Wu မာနကြီးပါတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုဂုဏ်ယူလာခဲ့တာ
ပိုက်ဆံဆိုတာကိုပိုင်ရှင်မရှိတောင်မှပဲမျက်စောင်းထိုးမကြည့်ခဲ့တဲ့ကောင်
အခုကိုယ်ပြောခံလိုက်ရတဲ့စကားက...ဟင့်အင်း...မဟုတ်တာတွေမတွေးစမ်းပါနဲ့ Kris Wu...
မင်းအဲ့လိုအောက်တန်းကျတဲ့အလုပ်နဲ့ပိုက်ဆံမရှာဘူးလို့ကိုယ့်ကိုယ်ကိုကတိပေးထားတာပဲ
ညီ...ဒါဆိုရင်...ညီ့ကိုဘယ်လိုလုပ်ရမလဲ...
ကိုယ်...အခု ဘာကိုရွေးချယ်ရမှာလဲမာနကိုလား ကိုယ့်ညီအသက်ကိုလား
ကိုယ့်ကိုယ်ကိုလား ညီလေးကိုလား...
ကိုယ်တောင်းတဲ့ပိုက်ဆံကိုပေးနိုင်တာကောင်လေးတယောက်ပဲရှိပြီး...ညီ့ကိုကယ်နိုင်တာလဲကိုယ်ပဲရှိသည်သိတဲ့အတိုင်းဘာမှအသုံးမကျတဲ့ကောင်မို့...နှစ်ရက်အတွင်းမှာသိန်း100ကိုဘယ်လိုနည်းနဲ့မှမရှာနိုင်..
ညီလေးကအသက်လုနေရပြီ ဒီအချိန်မှာကိုယ်ကမာနကိုရှေ့တန်းတင်ပြီးတကိုယ်ကောင်းဆန်နေသင့်လား
ကောင်လေးကိုငြင်းလိုက်ရင် ညီ့ကို သေလိုက်တော့လို့ ပြောသလိုဖြစ်သွားတာနဲ့အတူတူပဲမလား
မတတ်နိုင်....
ကိုယ်ရွံမုန်းခဲ့သည့်အလုပ်ကိုအခုကိုယ်ကိုယ်တိုင်လုပ်ရတော့မည်"ကောင်းပြီ...ကိုယ်သိန်း100လိုချင်တယ်"
သိသိသာသာတုန်ယင်နေတဲ့အသံကိုကောင်လေးသတိထားမိသည် ကိုယ့်စီကဒီလိုစကားမျိုးထွက်လာမယ်လို့သူထင်ထားပုံမရ အနည်းငယ်အံ့သြသွားသည်ကသက်သေ
ခက်ခက်ခဲခဲချလိုက်သည့်ဆုံးဖြတ်ချက်မှန်ပါစေလို့သာဆုတောင်းနေမိသည်
အခုချိန်ထိ ညီ့အတွက်ဘာမှမယ်မယ်ရရလုပ်မပေးခဲ့ဖူး...
CZYTASZ
ရှုံးးး(Z And U) completed
Fanfictionကျတော့်ရဲ့မာနတွေကိုသူ့ခြေရင်းမှာပစ်ချခဲ့တယ် ကျတော်ရှုံးတယ်... ကျတော့်ရဲ့မာနတွေကိုသူ့ခြေရင်းမှာပစ်ချခဲ့တယ် ကျတော်ရှုံးတယ်... ×××××××××××××××××××××××××× (Krisyeol fanfiction) #EXOMYANMARFANFIC #KRISYEOL #OWNCREATION You Can Read Both Uni And Zawgyi cod...