Part-19

608 67 24
                                    

<Unicode>

ကျတော့်မာနတွေကိုသူ့ရှေ့မှာပဲပစ်ချခဲ့တယ်...

ကျတော်ရှုံးတယ်

•••••••••••

"...ဟင်!..."

သတိကောင်းကောင်းကပ်တဲ့အချိန်မှာ ကျတော်ဘယ်ကိုရောက်နေမှန်းမသိခဲ့
အေးစက်စက်ကြမ်းပြင်ပေါ်ထိုင်လျက် လက်တွေကိုတိုင်မှာပူးချည်တုပ်နှောင်ထားခြင်းခံရသည်

မြေအောက်ခန်းထင်ပါရဲ့ မီးလုံးအသေးလေးရဲ့အလင်းရောင်နဲ့သာ မှုန်ဝါးဝါးမြင်ရသည်
ကိုယ်ဘာလို့ဒီကိုရောက်နေတာလဲ ဘယ်သူကဖမ်းခေါ်လာတာလဲ

"...ဒီကောင်လား သားကိုထိုးရဲတဲ့သူက"

မူးဝေနေရင်းနဲ့မှ ပြတ်ပြတ်သားသားကြားလာတဲ့အသံ..
သက်လတ်ပိုင်းလူတယောက်..
တခါးအဝနားမှာရပ်နေခဲ့သည်

သူလှမ်းပြောနေတဲ့သူက ကောင်လေးဆိုတာ ကိုယ့်မျက်လုံးတွေမမြင်ရရင်တောင်သိသည်
နောက်ပြီး ဟိုလူကြီးကကောင်လေးရဲ့အဖေ(သံအမတ်ကြီး)ဖြစ်မည်

ဘယ်​ကနေဘယ်လို...ကိုယ်သူ့ကိုထိုးခဲ့တဲ့ အစကိုသိသွားပြီး ပေါက်ကွဲနေသည်မသိ..

"တော်တော်အတင့်ရဲတာပဲ မင်းကများ ငါ့သားကို ..."

(ဖြောင်းးးးး)

"အ့!~~"

ရိုက်ချက်ကပြင်းလွန်းတာကြောင့် ပူထူသွားကာ ခေါင်းက ကြမ်းပြင်နှင့်ထိမတတ်ငိုက်ကျသွားရသည်
နှုတ်ခမ်းထောင့်ကသွေးစီးကြောင်းကိုတော့ ကိုယ့်လက်တွေချုပ်ထားခံရတာကြောင့်မသုတ်နိုင်ခဲ့

"ဘာအဆင့်မှမရှိတဲ့ကောင်ကများ...!

သား...မင်းး appaကိုဘာလို့မပြောတာလဲ
ဒီကောင့်ကိုသတ်ပစ်လိုက်ရမှာ!"

အခန်းတခုလုံးဟိန်းထွက်နေတဲ့ဒေါသသံနှင့်ပြောသည် ကိုယ့်ကိုကြည့်တဲ့အကြည့်တွေကလဲတစစီဆွဲဖြဲမတတ်

ကောင်လေးကတော့ ကိုယ်တို့အကြောင်းကိုထုတ်ပြောမှာမဟုတ်လောက်
သူပြောရင် အစကနေအဆုံးထိရှင်းရမှာဖြစ်ပြီး ကိုယ်တို့နှစ်ယောက်ဘယ်အဆင့်ထိရောက်ခဲ့လဲဆိုတာပါပေါ်ကုန်မည်

ရှုံးးး(Z And U) completedWhere stories live. Discover now