Part-10

795 82 54
                                    

Unicode

"...အင်းး ငါဘယ်ကိုရောက်နေတာလဲ"

သတိရလာလာချင်းတွေ့ရတဲ့မျက်နှာကျက်ကအရင်တခါကလိုဖြူစွတ်စွတ်ဆေးရုံမျက်နှာကျက်မဟုတ်ခဲ့

ပြီးတော့ကျောပြင်အထိအတွေ့.. သေချာတာတော့ဆေးရုံကုတင်မဟုတ်

ခေါင်းထဲကလဲတဆစ်ဆစ်ထိုးကိုက်နေသေးသည်
လည်ချောင်းထဲကလဲနာနေသလိုလို

"သတိရလာပြီလား"

"!ဟင်"

နိုးလာလာချင်း ကောင်လေးရဲ့မျက်နှာကိုတွေ့ရတာထက် ကိုယ်နိုးမလာတာကပိုကောင်းမယ်ထင်

ဒီနေရာ...ဟုတ်တယ် ဒီအိပ်ယာ...ကိုယ်မေ့သွားစရာအကြောင်းမရှိ
ကိုယ်ဘယ်လိုလုပ်သူနဲ့အတူအိပ်ခဲ့တဲ့နေရာကိုပြန်ရောက်နေရတာလဲ

"ခများကျတော့်ကိုတပတ်လောက် ဒုက္ခခံခိုင်းတယ်"

"..hun hunnieရော"

ကိုယ်hunnieရှေ့မှာလဲသွားခဲ့တာ အခုကောင်လေးရှေ့ကိုဘာလို့ရောက်နေတာလဲ

နောက်ပြီး တပတ်? ကိုယ်တပတ်လောက် သတိမေ့နေခဲ့တာလား
ဒါ​ဆို Hunnieနဲ့baekhyunအရမ်းစိတ်ပူနေတော့မှာပဲ!

"ခများရဲ့hunnieက...အင်းး...
ခများအကြောင်းသိသွားတယ်လေ"

"ကိုယ်နားမလည်..."

"သူကဆရာဝန်ပဲလေ...ခများဘာဖြစ်လာလဲသူမသိပဲနေမလား ဟက်"

သူပြောတဲ့အဓိပ္ပါယ်ကကိုယ်ကောင်လေးနဲ့အတူအိပ်ခဲ့တာကို hunnie.....
အာ ဟင့်အင်း မဖြစ်နိုင်ပါဘူး သူနောက်နေတာဖြစ်မှာ.
ကောင်လေးကအဲ့လောက်ထိကိုယ့်အပေါ်မရက်စက်နိုင်ပါဘူး

"မ မဟုတ်လောက်ပါဘူး.."

"အင်းး သူကခများဘယ်သူနဲ့အိပ်ခဲ့လဲသိချင်မယ်ထင်လို့ ကျတော်ပြောပြခဲ့တယ်
ခများဘယ်လောက်ငွေမက်တဲ့အကြောင်း"

အေးဆေးစွာပင်ပြောတဲ့ကောင်လေးကတကယ်အတည်ပေါက်
သူ...တကယ်ပြောလိုက်တာလား hunnieကို...

ကောင်လေးကိုယ့်ကိုဒီနေရာဘယ်လိုခေါ်လာလဲမသိ
သေချာတာတော့hunnieကိုယ့်ကိုသိပ်ရွံသွားလောက်ပြီ
သူအကို အကိုနဲ့ခေါ်နေတဲ့လူကဒီလိုကောင်မျိုးဆိုတာ

ရှုံးးး(Z And U) completedWhere stories live. Discover now