Part-3

791 83 32
                                    

Unicode

"Kris"

မျက်နှာလွှဲပြီးမမြင်ဟန်ဆောင်ကျော်သွားဖို့စဥ်းစားမိတဲ့အတွေးကကိုယ့်ရှေ့လာပိတ်ရပ်လိုက်သည့်ကောင်လေးကြောင့်ရပ်တန့်သွားရသည်

Hotelတခုထဲမှာမမြင်ချင်ရင်တောင်ဘယ်လိုလုပ်ရှောင်နိုင်မှာလဲ

"အခန်းထဲကညအိပ်မီးဖွင့်လို့မရဘူး ခများလိုက်ကြည့်ပေးပါလား"

သူလာမယ်ဆိုတာသိလို့အကောင်းဆုံးအခန်းကိုမှသေချာပြင်ဆင်ပေးထားတာ
တခုခုပျက်စီးစရာအကြောင်းမရှိ
နောက်ပြီး နေ့ခင်းကြီးမှာညအိပ်မီးနဲ့ဘာလုပ်မလို့လဲ

သို့ပေမဲ့အခုချိန်မှာသူကhotelကိုလာတည်းတဲ့သူဖြစ်တာကြောင့်မသက်သာပဲ သူ့အခန်းထဲဝင်သွားလိုက်ရသည်
ကောင်လေးကကိုယ့်နောက်ကနေဝင်ကာစီးကရက်တလိပ်ကိုကောက်သောက်လိုက်သည်

ကိုယ်တောင်မသောက်တာ
ဒီကောင်လေးတော်တော်​ဆိုးပါလားလို့တော့ထင်မိသား

ညအိပ်မီးခလုတ်ကိုဖွင့်ကြည့်တယ် သူပြောသလိုပဲ မီးကလင်းမလာ
မီးသီးကိုသွားကြည့်တော့မှချောင်ပြီးနေရာမမိဖြစ်နေတာတွေ့ရတယ်

လှည့်လိုက်ရုံပဲကိုဟိုကောင်လေးဒါတောင်လုပ်မကြည့်ဘူးလား

"ရပြီ"

ကိုယ်လုပ်နေတာကို ခုံပေါ်ခြေချိတ်ထိုင် စီးကရက်တလိပ်ဖွာရင်းအေးဆေးကြည်​့နေခဲ့တဲ့ကောင်လေး

Suitမဟုတ်ပဲT.shirtနဲ့ဂျင်းဘောင်းဘီကိုဖြစ်သလိုဝတ်ထားတာတောင် ပိုက်ဆံရှိတဲ့ပုံပေါ်နေတုန်း ကြည့်ကောင်းနေတုန်း
သူ့bodyguardတွေကိုတော့ဘယ်ချောင်ထိုးခဲ့လဲမသိ ဒီအခန်းမှာသူတယောက်ထဲ

"ထိုင်ပါဦး ခဏလောက်"

ပြန်မယ်လုပ်သော်လဲ ပြန်ခွင့်မပေးတဲ့ကောင်လေးကြောင့် ခက်ရချည်ရဲ့
ကိုယ်လဲမထူးတော့ဟုတွေးကာသူနဲ့မျက်နှာချင်းဆိုင်ကခုံမှာထိုင်ချလိုက်သည်

လူရှေ့မှာသိမ်သိမ်မွေ့မွေ့လေးမထိုင်တတ်တဲ့ကိုယ်ကလက်တဖက်စီကိုလက်ရန်းတခုစီပေါ်တင်ကာထိုင်သည်

ကောင်လေးကစီးကရက်ကိုလက်ညှိုးနဲ့လက်ခလယ်ကြားညှပ်ကာထလာပြီး

ရှုံးးး(Z And U) completedWhere stories live. Discover now