Part-17⚠

822 70 34
                                    

<Unicode>


"အ့¡~အွန်း..."

ကိုယ့်ကိုတခါးမှာဆွဲကပ်ပစ်ပြီးနှုတ်ခမ်းကိုအတင်းနမ်းနေတဲ့ကောင်လေးကြောင့် ရုတ်တရက်ဘာမှမတုံ့ပြန်နိုင်ပဲ ကြောင်နေမိသည်

ကောင်လေးက ကိုယ့်စီကိုပြန်လာတာလား...
တကယ်ပဲ သူလား

"ဖယ်..."

အသိဝင်လာတာနဲ့ ကောင်လေးကိုတွန်းထုတ်ပြီး ကိုယ့်နှုတ်ခမ်းတွေကိုလက်ခုံဖြင့်ပွတ်သုတ်လိုက်မိသည်
အိမ်ရှေ့ကြီးမှာဒီလိုပုံစံတွေဖြစ်ပျက်နေတာ ဘယ်လိုနည်းနဲ့မှမြင်မကောင်း

ဒီအနမ်းတွေကိုသိပ်လွမ်းနေခဲ့ရတာပေမဲ့ ရုတ်တရက်ကြီးကတော့...

"ပျော်နေတယ်ပေါ့လေ ချစ်တယ်ပြောပြီးထားသွားရတာ"

ကောင်လေးရဲ့မီးထတောက်မတတ်အကြည့်တွေကိုကျတော်ရင်မဆိုင်နိုင်ခဲ့
မင်းကရောငါ့ကိုဘယ်လိုသဘောထားခဲ့တာလဲ ဆိုပြီးခပ်ကြမ်းကြမ်းစကားလုံးတွေနဲ့ တုံ့ပြန်ဖို့လဲကိုယ်မလုပ်နိုင်
ကောင်လေးရှေ့မှာဆိုရင်ကိုယ်ကတကယ့်ကိုအရှုံးသမား...

ကိုယ့်ကြောင့်နဲ့သူ့ရင်ထဲနာကျင်သွားမှာကိုသေအောင်ကြောက်နေမိလို့ အဲ့နာကျင်မှုတွေကို ကိုယ့်နှလုံးသားထဲမှာပဲသိမ်းထားမိတယ်

"မရှာနိုင်ဘူးထင်လို့လား...တမင်မရှာခဲ့တာ
ခများခဏလောက်တော့အေးအေးချမ်းချမ်းနေပါစေဦးဆိုပြီး"

"ချစ်တယ် ဆိုတာ အဲ့ဒါလား....
ကျတော့်အဝေးမှာပျော်ပျော်ကြီးနေနေတာ!!!"

ဒေါသတွေထွက်ပြီးအသံပိုကျယ်လာတဲ့ကောင်လေးကြောင့် ရင်တွေတုန်လာရသည်

ညီသာကြားသွားရင် ဆိုတဲ့စိတ်​ကြောင့်

"ညီအထဲမှာရှိတယ် တိုးတိုးပြောပါ"

"..အာ lin yi ရှိတာလား အတော်ပဲ တခါထဲနှုတ်ဆက်သွားရမယ်."

မဲ့ပြုံးပြုံးပြီးကိုယ့်အိမ်ထဲအေးအေးဆေးဆေးဝင်သွားသည့်ကောင်လေးက ဘာကိုမှအလေးထားပုံမပေါ်
လိုက်ဆွဲပေမဲ့လဲမမှီတော့ကောင်လေးကတခါးကိုကန်ဖွင့်ပြီး အိမ်ထဲဝင်သွားသည်

ရှုံးးး(Z And U) completedWhere stories live. Discover now