~~~~~~~~~~~~~~~~~~~~~~~~~~မင်းဟာကိုယ့်အတွက်မဟုတ်မှန်းသိနေရက်နဲ့တောင်...
ဒီရူးသွပ်မှုတွေထဲကရုန်းမထွက်နိုင်ခဲ့ဘူး..ဘယ်အချစ်မှမတည်မြဲဘူးဆိုပေမဲ့... ကိုယ်မနက်ဖြန်မှာနိုးထနိုင်ဦးမယ်ဆိုရင်
မနက်ဖြန်မှာလဲဆက်ချစ်နေပါဦးမယ်...(ဒိုင်းးး)
"!!အားး"
ကိုယ့်ဘေးနားမှာယှဥ်လျက်လဲကျသွားတဲဲ့ကောင်လေးရဲ့ဘယ်ဘက်ရင်အုံနေရာကနေသွေးတွေယိုစီးကျနေသည်
အဖြစ်အပျက်ကမြန်ဆန်လွန်းတာကြောင့် ကျတော်အသက်တောင်မရှူလိုက်နိုင်...ကောင်လေး....ကောင်လေး ကျတော့်ကိုကာကွယ်ပေးခဲ့တာ
"...ကောင်လေး...ဟင့် ဟင့်အင်း...."
မလှုပ်နိုင်သောလက်ကိုအတင်းအားထည့်ကာ အသက်ရှူသံတွေရပ်တန့်သွားစဲစဲကောင်လေးရဲ့မျက်နှာကိုလှမ်းလိုက်သည်
အချိန်တွေကအရမ်းကြာနေသလို..ကောင်လေးအနားကိုရောက်ဖို့ခက်ခဲနေခဲ့သည်တုန်ယင်စွာနှင့်ကောင်လေးရဲ့ပါးကိုအုပ်ကိုင်မိတော့သူကကိုယ့်လက်ကိုခပ်ဖွဖွကိုင်ကာ အသက်ကိုခက်ခက်ခဲခဲရှူရင်း
"...k kris ah~~~ကျတော်လေ....
အ့ အချစ် ဆိုတာ...~~
ဘယ်လိုခံစားချက်မျိုးမှန်းမသိခဲ့လို့ပါ~~"
ကြိုးစားပြီးပြောနေတဲ့ကောင်လေးရဲ့မျက်ဝန်းထောင့်ကစိုစွတ်လျက် အက်ကွဲကွဲအသံကတုန်ယင်နေခဲ့သည်
သူ့ကိုပြန်ပြောဖို့စကားတခွန်းလောက်တောင်ကိုယ်မထွက်နိုင်ခဲ့ချစ်တယ်...ကောင်လေး...
ကိုယ့်ရင်ထဲကစကားကိုကြားရတယ်မလား...
ကြားရတယ်မလားဟင်"အ.....အခု ခများကို....ချစ်...တယ်"
ချစ်တယ် ဆိုတဲ့စကားအပြီးမှာ မှိတ်ကျသွားတဲ့မျက်ဝန်းတစုံ
ကိုယ့်လက်ကိုထပ်ကိုင်ထားသောကောင်လေး'လက်သွယ်သွယ်လေးက ကြမ်းပြင်ပေါ်ပြုတ်ကျသွားခဲ့သည်Chanyeol...
chanyeol!
လည်ချောင်းထဲမှာဆို့နင့်ပြီးအသံထွက်မလာနိုင်ဖြစ်နေခဲ့သည်
စိတ်ထဲကနေကိုယ့်ခေါ်သံတွေကသာကျယ်ကျယ်လောင်လောင်
ကိုယ်သာအကောင်းအတိုင်းဆိုရင်သူ့ကိုလှုပ်ယမ်းပြီးငိုယိုမိမှာပေမဲ့ အခုလိုအချိန်မှာတော့ နှလုံးသားတခုလုံးဆွဲဆုပ်ခံရသလိုခံစားချက်နဲ့အတူ အသံတိတ်မျက်ရည်သာကျနေမိသည်
YOU ARE READING
ရှုံးးး(Z And U) completed
Fanfictionကျတော့်ရဲ့မာနတွေကိုသူ့ခြေရင်းမှာပစ်ချခဲ့တယ် ကျတော်ရှုံးတယ်... ကျတော့်ရဲ့မာနတွေကိုသူ့ခြေရင်းမှာပစ်ချခဲ့တယ် ကျတော်ရှုံးတယ်... ×××××××××××××××××××××××××× (Krisyeol fanfiction) #EXOMYANMARFANFIC #KRISYEOL #OWNCREATION You Can Read Both Uni And Zawgyi cod...