<Unicode>
.....ကိုယ့်ကိုမလိုအပ်တဲ့ မင်းကိုမှ အရာအားလုံးထက်
ပိုလိုချင်နေခဲ့မိတာ......"Lin yiကငယ်ငယ်တုန်းကအတိုင်းပဲ နဲနဲလေးတောင်မပြောင်းလဲဘူးနော် အကို"
"အင်း ဟုတ်တယ်"
ပန်းခြံထဲမှာ ကြွေကျတဲ့အရွက်တွေလိုက်ရေနေတဲ့ညီလေး
Hunnieပြောတာလဲအမှန်ပါ ညီကအခုမှအကိုတွေကိုချွဲလို့ကပ်လို့ကောင်းတုန်း
စာဖတ်မယ် ဆော့မယ် စားမယ် အဲ့ဒါလောက်ပဲသိတာ
ပြီးရင် baekbaek hyung ဆိုပြီးတော့ သူစားချင်တဲ့မုန့်တွေလုပ်ခိုင်း ဟင်းတွေချက်ခိုင်း"Hunnieလဲ ငယ်ငယ်ကအတိုင်းပဲလေ"
ကိုယ်ပြောတော့hunnieကရယ်ကာ သူသောက်လက်စbubble teaကို ကုန်အောင်သောက်လိုက်ပြီး အနီရောင်ခပ်ဆွေးဆွေးနှုတ်ခမ်းပါးကထွက်ကျလာသောစကားတခွန်း
"ငယ်ငယ်ကတော့ အကို့ကိုရိုးရိုးသားသားချစ်ခဲ့တာ....
အခုတော့ မဟုတ်တော့ဘူး"
မထင်ထားတဲ့စကားကိုကြားရတော့ ညီလေးကိုကြည့်နေရင်းကတောင်စိတ်လွတ်သွားရသည်
Hunnieကအတည်ပြောနေခဲ့တာ သူ့အကြည့်တွေ သူ့မျက်နှာထားအရ နောက်နေတာလုံးဝမဟုတ်Hunnieကိုယ့်ကိုမရိုးမသားချစ်နေတယ်လို့ပြောနေတာလား
အဲ့လိုမဖြစ်သင့်ဘူး
ကိုယ်ငယ်ငယ်ထဲက ညီတယောက်လိုစောင့်ရှောက်လာခဲ့တာ
လုံးဝကိုအဖြူထည်ပဲ အရောင်နဲနဲတောင်မစွန်းထင်းဘူးHunnieစိတ်ကစားနေတာမဖြစ်နိုင်ဘူးလား သူကငယ်သေးတယ်လေ သူကိုယ်နဲ့အချိန်အကြာကြီးအတူရှိခဲ့လို့ ခံစားချက်တွေရှုပ်ထွေးကုန်တာဖြစ်နိုင်တယ်
"Hunnie...hunnieကကိုယ့်ရဲ့ညီလေးပါပဲ အဲ့ဒါကြောင့်..."
"သိပါတယ်...အကို့မှာချစ်ရမဲ့သူရှိပြီးသားလေ တခြားအကြောင်းပြချက်တွေမပေးပါနဲ့"
ချစ်ရမဲ့သူ...
ကောင်လေးကိုပြောတာလား..
Hunnieရိပ်မိနေရလောက်အောင် ကိုယ်အချစ်ရူးရူးခဲ့တာထင်တယ်ဒါကိုသိရဲ့သားနဲ့ hunnieကျတော့်ကိုချစ်နေတာလား
"အကို့ကို ဆေးရုံကနေရွှေ့သွားတုန်းထဲက...
အကိုကသူ့ကိုချစ်နေတာလို့ အဲ့တယောက်ကပြောခဲ့တယ်..."
YOU ARE READING
ရှုံးးး(Z And U) completed
Fanfictionကျတော့်ရဲ့မာနတွေကိုသူ့ခြေရင်းမှာပစ်ချခဲ့တယ် ကျတော်ရှုံးတယ်... ကျတော့်ရဲ့မာနတွေကိုသူ့ခြေရင်းမှာပစ်ချခဲ့တယ် ကျတော်ရှုံးတယ်... ×××××××××××××××××××××××××× (Krisyeol fanfiction) #EXOMYANMARFANFIC #KRISYEOL #OWNCREATION You Can Read Both Uni And Zawgyi cod...