Unicode
"အကို ရရဲ့လား...အိမ်ပြန်ပို့ပေးမယ်နော်"
ကျတော့်မျက်နှာကိုသုတ်ပေးနေသည့်hunnieကပျာနေသည်
Hunnieရှေ့မှာရောလား....
Hotelကလူတွေ/ကြက်ကြော်ဆိုင်ကဝန်ထမ်းတွေ အပြင်
Hunnieရှေ့မှာရော ဒီလိုပုံစံဖြစ်ရမှကျေနပ်တာလား ကောင်လေးကိုယ့်ကိုသနားစရာကောင်းအောင်ဘာလို့လုပ်နေရတာလဲ
"ရပါတယ် ကိုယ့်ဘာသာပဲပြန်လိုက်တော့မယ် hunnie"
"မဟုတ်တာ...စိတ်မချဘူး"
"Hunnie"
စိတ်မကောင်းဖြစ်နေတဲ့hunnieရဲ့လက်ကိုအသာအုပ်ကိုင်ရင်း မျက်လုံးချင်းစကားပြောလိုက်တော့
ခေါင်းလေးညှိမ့်ကာလက်လျှော့သွားသည်ဒီအချိန်မှာကိုယ့်ဘေးနားတယောက်ယောက်မရှိစေချင်
လိုအပ်တယ်ဆိုရင်တောင်ကိုယ်မလိုချင်ပါ"ကိုယ်သွားပြီနော်"
အားယူပြီးလျှောက်နေတဲ့ခြေလှမ်းတွေကယိုင်တိုင်တိုင်ဖြစ်နေစဲ
ဘာကြောင့် တနေ့ထက်တနေ့ပိုဆိုးလာရတာလဲ အခြေအနေတွေကဘယ်လိုအင်အားမျိုးနဲ့ မနက်ဖြန်ကိုရင်ဆိုင်ရဦးမှာလဲ
ပျော့ညံ့တယ်ပဲပြောပြော ကျတော်ပင်ပန်းလှပြီ
ကောင်လေးကတကယ့်ကိုအိပ်မက်ဆိုးပဲ"Kris...ဘယ်လိုဖြစ်လာတာလဲ!"
ရင်တမမနဲ့အိမ်ရှေ့ထွက်စောင့်နေသည့်baekhyunကကိုယ်တခုခုဖြစ်လာမယ်ဆိုတာသိနေသယောင်
မျက်နှာမှာရောအကျီမှာပါစိုနေတဲ့အရက်တွေကခြောက်ကုန်ပေမဲ့အဆိပ်ရည်တွေကတော့စိုစွတ်ကာနှလုံးသားထဲစီးဝင်နေစဲ
"အဆင်ပြေရဲ့လား ဘာတွေဖြစ်လာတာလဲကွာ"
သူ့ကိုယ်သေးသေးလေးကိုကုန်းဖက်လိုက်ကာ အံကြိတ်ထားမိသည်
ယောကျ်ားတန်မ့ဲမျက်ရည်တော့မကျချင်
ယောကျ်ားတွေမှာလဲခံစားချက်ရှိတယ်ဆိုပေမဲ့ငိုယိုနေတာကြီးကတော့စိတ်ပျက်စရာကောင်းလွန်းသည်"လာ အိမ်ထဲဝင်မယ်"
ကျတော့်ကိုအိမ်ထဲဆွဲခေါ်ကာထိုင်ခိုင်းသည့်baekhyunမျက်နှာမှာစိုးရိမ်မှုတွေအပြည့်
ကိုယ်အရက်နဲ့ပက်ခံရတုန်းကhunnieကြည့်တဲ့အကြည့်တွေနဲ့တပုံစံထဲ
YOU ARE READING
ရှုံးးး(Z And U) completed
Fanfictionကျတော့်ရဲ့မာနတွေကိုသူ့ခြေရင်းမှာပစ်ချခဲ့တယ် ကျတော်ရှုံးတယ်... ကျတော့်ရဲ့မာနတွေကိုသူ့ခြေရင်းမှာပစ်ချခဲ့တယ် ကျတော်ရှုံးတယ်... ×××××××××××××××××××××××××× (Krisyeol fanfiction) #EXOMYANMARFANFIC #KRISYEOL #OWNCREATION You Can Read Both Uni And Zawgyi cod...