<Unicode>
"!နင်ကငါဖုန်းခေါ်တာတောင်မကိုင်ပဲနဲ့ ဘာလုပ်နေတာလဲ ဟမ်"
အထက်တန်းကျကျဝတ်စားထားပြီးလက်ဝတ်ရတနာတွေကိုပြွတ်သီးနေအောင်ဆင်ထားသည့်ထိုမိန်းမက ရုပ်နဲ့ စကားပြောပုံပင်မလိုက်
ကောင်လေးကို ကိုယ့်ရှေ့တင်ရိုက်လိုက်တာမို့ ထိုမိန်းမကဘယ်သူဖြစ်ဖြစ် ကိုယ်မုန်းသည်"ဒီကောင်ကရော ဘယ်သူလဲ ဘယ်ကဟာတွေခေါ်လာပြန်တာလဲ!"
ကောင်လေးက နာသွားတဲ့သူ့ပါးပြင်ကိုကိုင်ကာ ထိုမိန်းမအား အကြည့်စူးစူးတို့ဖြင့်ကြည့်နေစဲ
ကြားထဲကကိုယ်သာဘာဝင်လုပ်ပေးရမှန်းမသိထင်တာတော့ အဲ့မိန်းမကြီးက ကောင်လေးရဲ့အမေပဲဖြစ်လိမ့်မယ်
သူ့ရဲ့ပုံစံ အကြည့်က သက်သေပြနေတယ်
ကောင်လေးကိုထိပါးရဲတာဆိုလို့တခြားလူမရှိနိုင်ဘူးလေ"ဟဲ့ ပြောလေ သူကဘယ်သူလဲ"
ကိုယ့်ကိုပဲ အထင်သေးသလို ရွံသလိုကြည့်ကာ ကောင်လေးကိုအတင်းမေးနေတော့ ကောင်လေးဘယ်လိုဖြေမလဲသိချင်လာသည်
အခန်းထဲမှာအတူတူရှိနေတာကို သူငယ်ချင်းလို့တော့ဖြေမှာမဟုတ်
"တညတာအပျော်ပါ...တခြားနေရာမှာ ပြောရအောင်"
ထိုမိန်းမကိုပထုတ်ဖို့အရေး ကောင်လေးပေးသွားတဲ့အဖြေကြောင့် လည်ချောင်းမှာတခုခုဆို့နင့်သလိုဖြစ်သွားရသည်
တညတာအပျော်တဲ့
ဟားး သူ သူပြောတာက...ကိုယ်က...
အာ ဟင့်အင်းး နားကြားလွဲတာမဟုတ်ဘူးလားကောင်လေးက ကိုယ့်ကိုချစ်တယ်လေ အဲ့လိုမျိုးသဘောထားတာမဟုတ်လောက်ပါဘူး
သူဘာလို့ မျက်နှာတချက်မပျက်ပဲပြောနိုင်ရတာလဲ
တကယ်ပဲအဲ့လိုသတ်မှတ်ထားခဲ့တာလား အဲ့ဒါကြောင့်တည်တည်ငြိမ်ငြိမ်နဲ့ပြောနိုင်တာလား
သိန်း100 ကိစ္စကြောင့်သူကိုယ့်ကိုအဲ့လို...အခန်းထဲမှာနာရီဝက်လောက်တယောက်ထဲ ငြိမ်သက်နေပြီးမှ ရင်ထဲကမီးကိုမငြှိမ်းသက်နိုင်တာကြောင့်ထွက်သွားဖို့ဆုံးဖြတ်လိုက်တယ်
KAMU SEDANG MEMBACA
ရှုံးးး(Z And U) completed
Fiksi Penggemarကျတော့်ရဲ့မာနတွေကိုသူ့ခြေရင်းမှာပစ်ချခဲ့တယ် ကျတော်ရှုံးတယ်... ကျတော့်ရဲ့မာနတွေကိုသူ့ခြေရင်းမှာပစ်ချခဲ့တယ် ကျတော်ရှုံးတယ်... ×××××××××××××××××××××××××× (Krisyeol fanfiction) #EXOMYANMARFANFIC #KRISYEOL #OWNCREATION You Can Read Both Uni And Zawgyi cod...