Part-2

908 86 27
                                    

Unicode

(Kris Wu age-22 and
chanyeol age-20 in this fiction)

"ဒီနေ့ရော အဆင်ပြေရဲ့လား ကလေးလေး"

တဖက်က ခပ်အက်အက်အသံလေးနဲ့ ပြောနေသည့် (lin yi)ညီလေးက ကိုယ့်ကိုသိပ်လွမ်းနေရှာပုံ
​မျက်နှာသာမြင်ရရင်ကိုယ်ပိုပြီးပင်ပန်းရမယ်ထင်ရဲ့

"သတိရနေတာလားးး haha"

"အင်း ကိုကိုအလုပ်များနေလို့လေ
သိတယ်မလား ကိုကိုကသူဌေးကြီးဆိုတော့"

ကိုယ်ပြောတိုင်းယုံရှာသောညီလေးကသိပ်ဖြူစင်သည်
ညီ​့ကိုမုသားမဆိုချင်သော်လဲ အမှန်တိုင်းပြောလို့မဖြစ်တာကိုယ်အသိ
လိမ်ရတယ်ဆိုတာကညီ့ကိုမပူပန်စေချင်လို့

ဆေးရုံတက်နေရတာတောင်သူ့အကိုဆေးရုံစရိတ်တတ်နိုင်ပါ့မလားဆိုတဲ့စိတ်ကြီးနဲ့မနေစေချင်လို့

အပြင်မှာလူတယောက်လုပ်နိုင်တဲ့အလုပ်တွေထက်တောင်ပိုလုပ်ပြီး ပင်ပန်းနေခဲ့ရတဲ့သူကညီ့အတွက်တော့ အယောင်ဆောင် သူဌေးလေးပဲ ဖြစ်ဖြစ်

အရှက်မဲ့တယ်ပြောလဲ ကိုယ်မငြင်းနိုင်ပါဘူး

ကိုကို ကိုကို နဲ့ ကိုယ့်အနားမှာအမြဲတမ်းပွတ်သီးပွတ်သပ်လုပ်​နေတတ်တဲ့ညီလေးကိုအဲ့လိုတွေပြန်လုပ်ခွင့်ရဖို့ကိုယ်ကြိုးစားနေတာ
အသုံးမကျတဲ့အကိုကိုမှရထားခဲ့တဲ့ညီလေး.သိပ်ကံဆိုးလွန်းတယ်

"မနက်ဖြန်လာခဲ့မယ်နော် မတည့်တာတွေမစားနဲ့ ဟုတ်ပြီလား"

လာခဲ့ဖို့ပူဆာနေသည့်ညီလေးအားမနက်ဖြန်တော့အချိန်ပေးရမည်
အလုပ်တွေများတယ်ဆိုပေမဲ့
လုပ်နေရတာက ညီ့ကြောင့်ပဲလေ

ညီက 15နှစ်ပဲရှိသေးတာ
အရွယ်နဲ့မလိုက်အောင်အဆိုးဝါးဆုံးရောဂါတခုကိုခံစားနေခဲ့ရတယ်
ညီ့ကိုအပြင်အဝတ်အစားနဲ့တွေ့ခွင့်မရှိတော့ဘူး
အမြဲတမ်း ဆေးရုံကလူနာဝတ်စုံနဲ့

ကိုယ့်ရင်ကိုသေလောက်အောင်နာကျင်စေတဲ့
မြင်ကွင်းနဲ့ပဲ...

"Busကလဲကြာလိုက်တာ"

Bus stopမှာထိုင်စောင့်နေတာ 10မိနစ်လောက်ရှိပြီ ဒီနေ့ကျမှဘာလို့ကြာနေပါလိမ်​့
အေးကလဲအေးလာပြီ
အကျီကလဲထူတာဝတ်မလာမိတော့ ချမ်းတာမှ စိမ့်နေတာပဲ

ရှုံးးး(Z And U) completedWhere stories live. Discover now