<Unicode>
"...omma...ဆုံးသွားပြီ"
ရင်ခွင်ထဲကကောင်လေးရဲ့အသံကအေးစက်လွန်းသည်
ဘာခံစားချက်မှမရှိသည့်ပုံစံနှင့်ထွက်လာသည့် စကားက သူ့အမေဆုံးသွားတဲ့အကြောင်း"ကျတော့်ကိုခေါင်မိုးထပ်ကနေတွန်းချဖို့လုပ်ရင်း သူအားလွန်ပြီးပြုတ်ကျတာ"
အရမ်းကြီးတော့မအံ့သြမိ ကိုယ့်ကလေးကိုစွန့်ပစ်တဲ့မိဘတွေတောင်ရှိသေးတာပဲ
ကောင်လေးအဲ့ဒါကြောင့်ပင်ပန်းနေခဲ့တာလား...
ဒါမှမဟုတ်..
သူ့အနားမှာဘယ်သူမှမရှိလို့ကိုယ့်ကိုလာရှာခဲ့တာလား...
"Cctvရှိနေလို့တော်သေးတယ်...မဟုတ်ရင် ကျတော်ကြားထဲကအထင်လွဲခံရဦးမှာ"
ဟုတ်တယ် ခေါင်မိုးထပ်ကပြုတ်ကျလာတယ်ဆိုရင် လူနှစ်ယောက်ရှိတဲ့အခါတခြားတယောက်တွန်းချတယ်ပဲထင်ကြမှာလေ
ကောင်လေးကအဲ့လိုအစွပ်စွဲခံဖို့မသင့်ပါဘူး
"ကျတော်ပျော်တယ်..."
"အင်းးး"
ပိုပြီးတင်းတင်းလေးဖက်လိုက်တော့ ကောင်လေးကကိုယ့်ရင်ခွင်ထဲမျက်နှာအပ်ထားသည်
ဝမ်းနည်းနေတာမဟုတ်မှန်းကိုယ်သိသည် ကောင်လေးရဲ့စိတ်နဲ့ဆို ဒါကသိပ်ပျော်ဖို့ကောင်းမဲ့ကိစ္စ
ဒါပေမဲ့ တခုခုများလွဲသွားခဲ့ရင် ဟိုမိန်းမ မဟုတ်ပဲ ကောင်လေးပြုတ်ကျမှာ...မကောင်းတဲ့မိန်းမကိုပဲလောကကြီးထဲကခေါ်သွားပေးတဲ့အတွက်ကျေးဇူးတင်တယ်
"အတူရှိပေးတဲ့အတွက်ကျေးဇူးပဲ Kris...အခုကျတော် အိမ်ပြန်လိုက်ပို့ပေးမယ်"
ရင်ခွင်ထဲကထွက်ကာကိုယ့်ကိုရုတ်တရက်ကြီးနှင်ထုတ်နေတာကြောင့် အံ့သြသွားရသည်
မနေ့ကပဲအတူရှိပေးခိုင်းပြီး...ဒီလိုကြီးနှင်မထုတ်သင့်ဘူးမလားကျတော်အိမ်ပြန်ရမယ်မှန်းသိပါတယ် ဒါပေမဲ့ ကောင်လေးစီကအဲ့လိုစကားမျိုးကြားရတာအရမ်းဝမ်းနည်းမိတယ်
"ကိုယ့်ကိုချစ်လား ကောင်လေး"
ကိုယ်မေးခဲ့ဖူးလားတော့မသိပေမဲ့ ဒီတကြိမ်တော့ဖြေပေးပါ..
ကိုယ့်အချစ်တွေကိုအသိအမှတ်ပြုပေးပါ ကောင်လေးရယ်
KAMU SEDANG MEMBACA
ရှုံးးး(Z And U) completed
Fiksi Penggemarကျတော့်ရဲ့မာနတွေကိုသူ့ခြေရင်းမှာပစ်ချခဲ့တယ် ကျတော်ရှုံးတယ်... ကျတော့်ရဲ့မာနတွေကိုသူ့ခြေရင်းမှာပစ်ချခဲ့တယ် ကျတော်ရှုံးတယ်... ×××××××××××××××××××××××××× (Krisyeol fanfiction) #EXOMYANMARFANFIC #KRISYEOL #OWNCREATION You Can Read Both Uni And Zawgyi cod...