(၃)
စိတ်ထဲတစ်ထင့်ထင့်ဖြင့် ထိုညစာစားပွဲ အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။ ကျွန်တော်လွမ်းနေသည့်အချိန် တွင် အစ်ကိုရောက်လာခဲ့သည်။ သို့သော်လည်း အလွမ်းမပြေသည့်အပြင် ဝေဒနာများတိုးလာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အစ်ကို့ကိုကျွန်တော်မေ့မရနိုင်သလို ချစ်လည်းချစ်နေဆဲဟုဝန်ခံရပါမည်။ ဘဝ တစ်သက်တာလုံးအတွက်ရည်ရွယ်ထားခဲ့သူဖြစ်သည့်အပြင် တစ်ရက်ထက်တစ်ရက်ပိုပြီးချစ်ရန်လည်း ပြင်ဆင်ခဲ့ပြီးဖြစ်သည်။
အစ်ကို့ရက်စက်မှုများကိုခွင့်မလွှတ်နိုင်သလို အစ်ကို့ကိုလည်းသတိရလှသည်။ ဆုပ်လည်းစူး စားလည်းရူး ဘဝမို့ ကံကြမ္မာကိုပဲအပြစ်တင်ခဲ့မိတော့သည်။
"ကျေးဇူးပဲမောင်လေးရေ နောက်မှတွေ့မယ်နော်၊ မြန်မာကိုတော့မစွန့်ခွာဘူးမှလား"
"ကိုယ့်မြေကိုယ့်ဒေသမှာပဲအခြေချမှာပါအစ်မ"
"အေးအေး ကောင်းတယ် ကောင်းတယ်၊ ရန်ကုန်ရောရောက်ဖြစ်လား"
အစ်မကတော့ ကျွန်တော့ကို ရွှန်းရွှန်းဝေအောင်ပြောဆိုတာမို့ အမုန်းတီးဆုံးအဖြစ်မှသည် အမှတ်လျော့ ကာ မချစ်သော်လည်းမမုန်းသည့်လူအဖြစ် ရာထူးတက်သွားခဲ့ပါသည်။ ကလေးကတော့ မည်သည့်က လေးကိုမဆို ချစ်တတ်သည်မို့ ကလေးအပြစ်လည်းမရှိသည်မို့ ဘာသဘောမျှမထားမိတော့ပါ။
တကယ်တမ်းမှာတော့ ကလေးနှင့်အစ်မသည် ကျွန်တော်ဖြစ်နေသည့်ခံစားမှုနှင့် လုံးဝမသက်ဆိုင်သည့် လူများအဖြစ်မှတ်ယူမည်ဆိုရင်တောင် မှတ်ယူ၍ရပါသည်။ အစ်ကိုနှင့်မပတ်သက်ခဲ့လျှင်သူတို့ကိုကျွန် တော်အမြင်မကြည်စရာအကြောင်းမရှိ။
"ဟုတ်ကဲ့ ရောက်ဖြစ်ပါတယ်၊ တစ်နှစ်နှစ်ပတ် သုံးပတ်ခွင့်ရရင်တော့ပြန်ဖြစ်ပါတယ်အစ်မ"
"လာလည်ပါဦး တစ်ခါလောက်တော့"
"အော် ဟုတ်"
ကျွန်တော်ရန်ကုန်လာတာ အစ်ကို့ကိုမပြောချင်ဘူးအစ်ကို။ အစ်ကိုနဲ့လည်းမတွေ့ချင်ဘူး။ စိတ်ထဲကမ တွေ့ချင်လို့မဟုတ်ပါဘူး။ ဝေဒနာတွေမတိုးချင်တာပါ။ အစ်ကိုပျော်နေချိန်မှာ ကျွန်တော်လည်းအစ်ကို့ အတွက်ပျော်ပေးချင်တာပေါ့။ ဒါပေမဲ့ ကျွန်တော့ဘဝတစ်ခုလုံးကိုရင်းပြီးပေးလိုက်ရတဲ့ အစ်ကို့ပျော်ရွှင် မှု အတွက် ကျွန်တော်ဝမ်းသာပေးရလောက်တဲ့အထိတော့ သဘောထားမကြီးနိုင်ခဲ့ဘူးအစ်ကိုရယ်။
ВИ ЧИТАЄТЕ
ညီ ဖန်တီးသော Love Story
Романтикаအစ်ကိုနဲ့အတူ နှစ်ယောက်တည်းကမ္ဘာတည်ဆောက်ချင်လို့ အချစ်ပုံပြင်ကို ညီ ဖန်တီးခဲ့တာပါ။ ဒါပေမဲ့ အဲဒီ Love Story ထဲမှာ....