(၂၀)
"အစ်ကို့ကိုသာမတွေ့ခဲ့ရင်ဆိုတဲ့ဇောနဲ့ လိုက်ရှာတာ ပြန်စဉ်းစားကြည့်မှ ကျွန်တော်သွားတဲ့နှုန်းကမနည်း ဘူး၊ ဟိုဖက်လမ်းဒီဖက်လမ်း နှံ့နေတာပဲ၊ တစ်ကိုယ်လုံးချွေးဒီးဒီးကိုကျလို့"
အရေးအကြောင်းကိစ္စကြုံလာတိုင်း ရင်ဆိုင်ဖြေရှင်းရသည့်အခိုက် ကမ္ဘာ့အခက်ခဲဆုံးပမာဖြစ်နေခဲ့သော် လည်း ထိုကိစ္စများပြီးဆုံးသွားသည့်အခါတွင်တော့ ပြောစမှတ်တွင်စရာ ရယ်စရာ အမှတ်ရစရာများဖြစ် လာခဲ့သည်။ Fashion Walk ကိစ္စက ကျွန်တော်တို့နှစ်ယောက်စလုံးအတွက် ဘယ်သောအခါမျှမေ့တော့ မည့်ကိစ္စမဟုတ်တော့ပါ။ အစ်ကို ကျွန်တော့ကိုချစ်သလို ကျွန်တော်အစ်ကို့ကိုချစ်ကြောင်းလည်းအများ ရှေ့သက်သေထူနိုင်ခဲ့သည်။ လူအများ၏လက်ခုပ်သံသည် ကျွန်တော်တို့နှစ်ယောက်၏ ချစ်ခြင်းတရားကို အသိအမှတ်ပြု ဩဘာပေးခြင်းများဖြစ်ခဲ့၏။
ကိုယ်နှင့်လူမျိုးမတူ၊ ဘာသာမတူ (တူချင်လည်းတူပါလိမ့်မည်)၊ ယဉ်ကျေးမှု ဓလေ့စရိုက်လည်းကွဲပြား ခြားနားသူအများကြီးရှေ့တွင် ကျွန်တော်တို့နှစ်ယောက်၏ချစ်ခြင်းသည်ပြောစမှတ်တွင်စရာ၊ သတိရစ ရာ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်မည်ဧကန်ပင်။
"အေး ပြန်တွေ့တော့ အဲဒီတစ်ကိုယ်လုံးစိုရွှဲတဲ့ခန္ဓာကိုယ်ကြီးနဲ့ ကိုယ့်ကိုမလွှတ်တမ်းဖက်ထားတာလေ"
"စိတ်ပူသွားတာကိုးဗျ"
ပြန်ရမည့်ရက်လည်းနီးလာပြီမို့ ကျွန်တော်တို့နေထိုင်သည့်နေရာနှင့်ခပ်ဝေးဝေးနေရာများကိုလျှောက် သွားလျှောက်စားရန်ဆုံးဖြတ်လိုက်ကြသည်။ ထို့နောက် ဘုရားဖူးရန်ရောက်လာခဲ့ကြတော့၏။ Big Buddha ဟုခေါ်ဆိုကြသည့် Tian Tan Buddha ရှိရာဆီသို့ပင်။ ဟောင်ကောင်က ကျွန်းနိုင်ငံဖြစ်သည် ကတစ်ကြောင်း၊ ကျဉ်းသည်ကတစ်ကြောင်း၊ သွားလာရလွယ်ကူသည်ကတစ်ကြောင်းဖြင့် ကိုယ်သွားလို ရာနေရာများကို အလွယ်တကူရောက်နိုင်ပါသည်။ ကမ်းခြေသွားရန်အတွက် အကြာကြီးကားစီးစရာမလို၊ တောင်တန်းများဆီသွားရန်အတွက် လေယဉ်စီးစရာမလိုပါ။ ကျွန်တော်ငယ်စဉ်က မိုးပျံရထားဟုခေါ်ဆို ခဲ့သည့် MTR စီးရုံဖြင့် တစ်နိုင်ငံလုံးကိုနှံ့နှံ့စပ်စပ်သွားနိုင်သည်။ သူတို့နိုင်ငံ၏ လမ်းပမ်းဆက်သွယ်ရေးစ နစ်ကလည်း နေရာစုံကိုသွားလာ၍အဆင်ပြေစေရန်ဆောင်ရွက်ထားလေသည်။
![](https://img.wattpad.com/cover/219743809-288-k241962.jpg)
KAMU SEDANG MEMBACA
ညီ ဖန်တီးသော Love Story
Romansaအစ်ကိုနဲ့အတူ နှစ်ယောက်တည်းကမ္ဘာတည်ဆောက်ချင်လို့ အချစ်ပုံပြင်ကို ညီ ဖန်တီးခဲ့တာပါ။ ဒါပေမဲ့ အဲဒီ Love Story ထဲမှာ....