"ညီ ဖန်တီးသော Love Story" အပိုင်း (၆)

308 29 1
                                    


(၆)

"ခရီးသွားရင် မေ့ကိုအမြဲတမ်းမခေါ်ဘူးနော် ဘာလို့လဲ"

ချစ်သူက ငြိုငြင်သည့်အခါတွင် ကျွန်တော့ထံအကြောင်းပြချက်ပေါင်းများစွာဖြစ်သွားလေသည်။ သူငယ် ချင်းအပေါင်းအသင်းမိတ်ဆွေများနှင့် ခရီးသွားသည့်အခါ ချစ်သူစုံတွဲမပါလျှင်အကောင်းဆုံးဟု ပတ်ဝန်း ကျင်ကသတ်မှတ်ထားကြသည်ကို ကျွန်တော်လည်းလက်ခံပါသည်။ တစ်ချို့မိတ်ဆွေများက ခရီးသွား မည်ဟုဆိုလျှင် ချစ်သူစုံတွဲများပါသလားဟုအရင်မေးလေ့ရှိကြ၏။ ရန်ဖြစ်စိတ်ကောက် ပတ်ဝန်းကျင်ကို အနှောက်အယှက်ပေးပြီး အချိန်တန်တော့လည်းအချင်းချင်း ပြေလည်သွားမည်ဖြစ်ရာ အတူသွားသည့် ခရီးဖော်များသာစိတ်မသက်မသာဖြစ်ပြီးကျန်ခဲ့ရသည့် ခံစားမှုမျိုးကို ကိုယ်တိုင်လည်းခံစားဖူးသည်မို့ လွတ်လွတ်လပ်လပ်ခရီးသွားမည်ဟုဆိုလာတိုင်း အကြောင်းတစ်ခုခုပြကာ ချစ်သူကိုချန်ထားတတ်ခဲ့ပါ သည်။

"ဘယ်အတွဲက ခရီးဖော်တွေကိုကောင်းကျိုးပေးဖူးလို့လဲမေရယ်၊ မသွားခင်ကတည်းကပြသနာပေါင်း သောင်းခြောက်ထောင်နဲ့ဖြစ်ပြီး အတူလိုက်တဲ့သူတွေကို ဒုက္ခပေးမယ့်အလုပ်ကို ကျွန်တော်မလုပ်ချင်ပါ ဘူး"

"အမလေး အမြဲတမ်းတော့ဘယ်အတွဲကဖြစ်ချင်မလဲကွယ်၊ ဒီလိုပဲ ကတောက်ကဆနည်းနည်းပါးပါး တော့အားလုံးဆီမှာရှိကြမှာပဲ၊ ဒီလိုသာရှောင်ကြေးဆို ချစ်သူရည်းစားတွေ ခရီးအတူမသွားရဘူးဆိုပြီး သတ်မှတ်ချက်တစ်ခုဖြစ်ကုန်တော့မှာပဲ"

"နှစ်ယောက်တည်းသွားရင်ပြသနာမရှိဘူး၊ အဖွဲ့နဲ့သွားရင်ပြောတာပါ"

"ပြသနာမရှာဘူးကွာ၊ ကတိပေးတယ်၊ နောက်တစ်ခါခေါ်မှာလား"

"အာ မရဘူး၊ မခေါ်ဘူး၊ နှစ်ယောက်တည်းသွားရင်သွားမယ်၊ သူများတွေနဲ့သွားရင်တော့မလိုက်ပါနဲ့၊ တောင်းပန်တယ်"

မေနှင့်ကျွန်တော် အဖွဲ့လိုက်ခရီးတွင် တစ်ခေါက်လိုက်ဖူးသည်။ သပ်သပ်ခရီးထွက်ခြင်းတော့မဟုတ်။ ရန် ကုန်တက္ကသိုလ်တွင် နိုင်ငံတကာဆက်ဆံရေးဒီပလိုမာသင်တန်းတုန်းက နေပြည်တော်သို့ လွှတ်တော် လေ့လာရေးခရီးဖြစ်သည်။ စတင်ကြိုက်ခါက လွန်ခဲ့သော တစ်နှစ်ကျော်ကျော်ခန့် ၂၀၁၂ ဝန်းကျင်တုန်း ကပင်။ ကျောင်းလေ့လာရေးဖြစ်သည်ကြောင့် ဆရာမများလည်းပါ၊ အတန်းဖော်များလည်းပါသည်မို့ အ ရာရာ သိပ်အခက်အခဲမရှိ ပြေပြေလည်လည်သွားနိုင်မည်ဟုထင်ထားသော်လည်း ဓါတ်ပုံရိုက်စဉ်ပြသနာ တက်တော့သည်။ လွှတ်တော်လေ့လာရေးမို့ လွှတ်တော်အဆောက်အဉီနှင့် ရိုက်လိုက် သူငယ်ချင်းအုပ်စု လိုက်ရိုက်လိုက်ဖြင့် အလုပ်ရှုပ်နေကြချိန် သူက ကျွန်တော့ကိုသဝန်တိုလို့နေလေသည်။

ညီ ဖန်တီးသော Love StoryOù les histoires vivent. Découvrez maintenant