(၁၃)
ဇွဲကပင်တောင်ကိုတက်ခဲ့သည့် သူငယ်ချင်းများနှင့်အတူသွားသည့် ဒုတိယမြောက်ခရီးစဉ်ကတော့ တိုင် ပင်ခဲ့ကြသည့်အတိုင်း ကမ်းခြေခရီးဖြစ်လေသည်။ သမီးရည်းစားများနှင့် အတူခရီးသွား၍မကောင်းဘူး ဆိုသည့်အချက်ကို ကျွန်တော် ရာနှုန်းပြည့်လက်ခံခဲ့သောအချိန်လည်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆို သော် ထိုအချိန်က အစ်ကိုနှင့်ကျွန်တော် ချစ်သူဖြစ်နေကြပြီလေ။
ငွေဆောင်ကမ်းခြေခရီးသည် သူငယ်ချင်းသပ်သပ်ချည်းဆိုပါက အင်မတန်ပျော်ရွှင်စရာကောင်းမည်ဟု ယူဆစရာရှိပါသည်။ ဇွဲကပင်ခရီးစဉ်တုန်းကလူအားလုံးမပါဝင်သော်လည်း တစ်ဝက်ခန့်တော့ပါဝင်ခဲ့ ပါ သည်။ သူနှင့်ကျွန်တော်ရည်းစားဖြစ်နေပြီဖြစ်ကြောင်းကို သူတို့သိလျှင်လည်းပြသနာမရှိကြောင်း ပြသ လိုသော်လည်း အစ်ကိုကတော့ သူတို့ရိပ်မိမှာ သိသွားမှာအင်မတန်စိုးရိမ်လေသည်။
"အစ်ကို့ ပတ်ဝန်းကျင်ကလူတွေကို ကျွန်တော်နဲ့ကြိုက်နေတာသိမှာ အဲလောက်ထိကြောက်ရသလားဗျာ၊ ဘာြဖစ်လဲ သိသိပေါ့"
"ရမလားကလေးရယ်၊ ဒါက မြန်မာနိုင်ငံလေ၊ ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်က လူကြီးတွေများတယ်လေ၊ ဒါကိုဘယ်လက်ခံမလဲကွယ်၊ ကိုယ်ကလည်းတစ်သက်လုံး ဒီလိုပဲနေလာတော့ ဒီအချိန်ကြီးကျမှ သူများ အပြောခံအဆိုခံမဖြစ်စေချင်ဘူးကွယ်၊ ညီကရော အစ်ကို့ကို သူများပြောဆိုတာကြိုက်လား"
"တစ်စက်ကလေးမှ မကြိုက်ဘူး၊ အစ်ကိုနဲ့ပတ်သက်လို့ တစ်ခုခုမကျေနပ်စရာလာလုပ်ကြည့်ပါလား၊ အဲ ကောင်ကို သောက်ခွက်ချည်းဖြတ်ရိုက်မှာ မိန်းမသော ယောင်္ကျားသော သိပ်ကြည့်မှာမဟုတ်ဘူး"
သူ လူမသိစေချင်သည့်ကိစ္စမို့ ဇောတကသိပ်မတက်ခဲ့တော့။ သူ့အလိုအတိုင်းလိုက်နေရန်ဆုံးဖြတ်ခဲ့ပါ သည်။ သို့သော်လည်းခရီးထွက်သည့်အခါမျိုးတွင် တစ်နေရာရာကိုနှစ်ယောက်တည်းသွားသည့်အခါမျိုး တွင်တော့ စိတ်ကိုလွှတ်ပြီးချစ်ချင်ပါသည်။ တစ်ချိန်လုံးထိန်းချုပ်နေရမည့်အဖြစ်ကို စိတ်အညစ်ဆုံးဖြစ် သည်။ ငွေဆောင်ခရီးတွင်တော့ သူက ပထမခရီးထက်ပို၍ သွက်သွက်လက်လက်ရှိခဲ့ပြီ။ ခရီးစဉ်အစအ ဆုံးအထိ ကားတစ်စီးလုံးအားဦးဆောင်သူလူကြီးအဖြစ် မေမီတို့ကလည်းသူ့ခေါင်းပေါ်ကိုပုံချလိုက်သည် မှ အစပြုကာ ကျွန်တော်နှင့်ပြသနာတက်တော့သည်။

YOU ARE READING
ညီ ဖန်တီးသော Love Story
Romanceအစ်ကိုနဲ့အတူ နှစ်ယောက်တည်းကမ္ဘာတည်ဆောက်ချင်လို့ အချစ်ပုံပြင်ကို ညီ ဖန်တီးခဲ့တာပါ။ ဒါပေမဲ့ အဲဒီ Love Story ထဲမှာ....