"ညီ ဖန်တီးသော Love Story" အပိုင်း (၂၈)

368 27 1
                                    


(၂၈)

"ကလေးနဲ့ အစ်မနဲ့ရော"

သူ့ကိုတွေ့လိုက်ရသောအခါ နှုတ်ဆက်စကားဦးသန်းရန်အတွက် စကားလုံးများလိုက်ရှာစဉ် ကလေးနှင့် သူ့အမျိုးသမီးမပါခဲ့သည်ကိုတွေ့ရလေသည်။ ကျွန်တော်နေထိုင်ခဲ့ဖူးသည့်နေရာသို့ချိန်းဆိုလိုက်ပါသည်။ မြို့ပြနှင့်အလှမ်းဝေးပြီး ဘုရားရိပ်တရားရိပ်နှင့်အနီးဆုံးနေရာ လန်တုကျွန်း။

ဟောင်ကောင်အနောက်တောင်ဘက်တွင်ရှိသည့်ထိုကျွန်းမှာ စတုရန်းမိုင်ပေါင်း ၅၆.၈၂ ရှိပြီး လူဉီးရေ တစ်သိန်းကျော်နေထိုင်သည့်နေရာလည်းဖြစ်သည်။ လူထူထပ်သောနေရာမဟုတ်သည်မို့ ကျေးငှက်သံ များ၊ လေတိုးသံများ၊ သစ်ရွက်ချင်းပွတ်တိုက်သံများကို အတိုင်းသားကြားနေရပါသည်။ အထူးသဖြင့် ကျွန်တော်နေထိုင်ခဲ့သည့်နေရာနားတစ်ဝိုက်တွင် သစ်တောအုပ်များကခပ်လှမ်းလှမ်းတွင်ရှိနေလေသည်။ ထိုကျွန်းမှာ မူလက တံငါရွာလေးတစ်ရွာမျှသာဖြစ်သော်လည်းလက်ရှိတွင်တော့ ထိုထက်ပိုသည့် သဘာ ဝခရီးသွားဒေသတစ်ခုဖြစ်လေခဲ့ပြီ။

"ပြန်သွားပြီလေ"

"ဟင် ဘယ်ကိုပြန်သွားတာလဲ"

"ရန်ကုန်ကိုပြန်သွားတာပေါ့ သူ့အမျိုးသားအလုပ်ပြီးလို့ အတူတူပြန်သွားကြပြီလေ"

"ဘယ်လို"

အစ်ကိုက ရွှတ်နောက်နောက်ပြောတတ်သည့်သူမဟုတ်ပါ။ ထိုစကားများသည် တစ်ချိန်က ဆန်းနေ ရောင်ပြောသည့်နောက်ပြောင်စကားများဖြစ်လေသည်။ ဒီမနက် အစ်ကိုက ဘယ်ကိုလာရမလဲဟုချိန်း သည့်အခါ လန်တုကျွန်းကိုလာ၍ရမလားဟုတောင်းဆိုမိသည်။ ထို့နောက် MTR ဘူတာတွင်စောင့်နေ ကာ ကျွန်တော်နေထိုင်ခဲ့ဖူးသည့်ရပ်ကွက်လေးထဲရှိ ဆိုင်လေးသို့ခေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုဆိုင်တွင် အစ်ကိုနှင့်ကျွန်တော့ကို သမီးရည်းစားတစ်တွဲဝယ်တိုက်ခဲ့ဖူးသည့် သဘာဝသစ်သီးဖျော်ရည်လက်ရာ ကောင်းကောင်းရသည်လေ။

"လမ်းလျှောက်ချင်တယ် ညီ ၊ လိုက်ပို့ပေးလို့ရမလား"

ခေါင်းညိတ်လိုက်ပါသည်။

ညီ ဖန်တီးသော Love StoryDonde viven las historias. Descúbrelo ahora