"ညီ ဖန်တီးသော Love Story" အပိုင်း (၈)

252 29 2
                                    


(၈)

မေ နှင့်ဆုံတွေ့တတ်သည့် ရက်တစ်ချို့ကို သူ့ကြောင့် ဖျက်တတ်ခဲ့ပြီဖြစ်သည်။ မေက တွေ့စရာရှိ ကြောင်း ပြောစရာလည်းရှိကြောင်း အကြောင်းအမျိုးမျိုးပြခေါ်တော့မှ ကျွန်တော်သွားတော့သည်။ အ ချိန်တိုအတွင်းတွင် မေ့ကို ခါတိုင်းထက်ပိုပြီး ကလန်ကဆန်လုပ်တတ်သော ကျွန်တော့ကို ပတ်ဝန်းကျင် ကလည်း အပြစ်တင်ပြောဆိုနေတော့သည်။ ထိုအရာအားလုံးကို ကျွန်တော် ဂရုမစိုက်နိုင်ပါ။ သောကြာ နေ့လိုမျိုးဆိုလျှင် မေ့ကိုပုံမှန်ကြိုရတတ်သော်လည်း နောက်ပိုင်းတွင်တော့ ဖယ်ရီဖြင့်သာသွားစေကာ အိမ်ကိုတန်းတန်းမတ်မတ်ပြန်ခိုင်းတော့သည်။

မေနှင့်အတူပြုလုပ်နေကျဖြစ်သည့် ရုံးဆင်းချိန် တစ်ဆိုင်ဆိုင်တွင်စားသောက်တတ်သည့်အကျင့်ကို သူ နှင့်အစားထိုးဖန်တီးဖို့ကြံရွယ်တတ်ခဲ့တော့၏။ တစ်ချို့ရက်များတွင် သူကလိုလိုချင်ချင်လိုက်တတ်သော် လည်းတစ်ချို့ရက်များတွင်တော့ မလိုက်ပါ။ မှတ်မှတ်ရရ နှစ်ကြိမ်လိုက်ပြီးနောက်ပိုင်း သူကျွန်တော့်ကို ရှောင်နေခဲ့သည်။

တစ်ရက်တော့ ရုံးဆင်းချိန် သူ့ရုံးရှေ့တွင်သွားစောင့်နေလေသည်။ သူ ရုံးပေါ်ကနေဆင်းလာသည့်အခါ ကျွန်တော့ကားကိုတစ်ချက်ကြည့်ပြီး သူ့လမ်းအတိုင်းပင်ဆက်လျှောက်သွားခဲ့၏။ ဖုန်းဆက်ပြီးခေါ်သည့် အခါတွင်မှ သွားစရာရှိလို့ပြန်တော့ ဟုဆိုလေသည်။

"ဟာ အစ်ကို့ကိုတွေ့ချင်လို့လာစောင့်နေတာလေဗျာ၊ ကားကိုမြင်ရက်သားနဲ့ စကားလေးတော့တစ်ခွန်း နှစ်ခွန်းလာပြောသင့်တယ်လို့မထင်ဘူးလား"

"အပိုအလုပ်တွေ၊ အခုဖုန်းဆက်တော့ မလိုက်ဘူးလို့ဖြေလိုက်တယ်လေ ပြီးပြီမှလား"

"မပြီးဘူး၊ သူ့နေရာမှာ ငါဆိုရင်ဆိုတဲ့ခံစားမှုလေးအစ်ကိုထည့်ကြည့်လိုက်လေ၊ အစ်ကိုရော တစ်ယောက် ယောက်ကိုသွားစောင့်လို့ အဲဒီတစ်ယောက်ကအခုလိုပြုမူဆက်ဆံရင် အစ်ကိုကြိုက်ပါ့မလား"

"အေး ငါဘယ်သူ့မှမစောင့်ဘူး၊ အပိုအလုပ်တွေလည်းမလုပ်ဘူး"

ညီ ဖန်တီးသော Love StoryМесто, где живут истории. Откройте их для себя