"ညီ ဖန်တီးသော Love Story" အပိုင်း (၂၄)

252 23 2
                                    


(၂၄)

အစ်ကိုချက်ကျွေးသော ထမင်းနှင့်ဟင်းများသည် ကမ္ဘာပေါ်တွင်အရသာအရှိဆုံးသောအစားအသောက် များဖြစ်လေသည်။ အထူးသဖြင့်လက်လေးလုံးလောက်ရှိသည့်အမဲသားတုံးများကိုကို မဆာလာနိုင်နိုင် အနှစ်များများနှင့်နှပ်ထားသည့်ဟင်း၊ ပဲသီး၊ အာလူးနှင့်ခရမ်းသီးတို့ကို ငါးပိ၊ ငရုတ်သီးစပ်စပ်ဖြင့်ချက် သည့်ရခိုင်ဟင်း၊ ပင်လယ်စာချဉ်စပ်တို့သည် ကျွန်တော်အကြိုက်ဆုံးသောဟင်းများဖြစ်သည်။ ကျွန်တော် က ဟင်းချေးများတတ်သည်။ ပြီးတော့ တစ်မျိုးကိုကြိုက်လျှင်ထိုတစ်မျိုးမှလွဲ၍ ကျန်သည့်ဟင်းအမယ် ကိုမစားတတ်။ တစ်ရက် အစ်ကို့အိမ်ကို အမဲသားနှပ်စားချင်၍ ရောက်သွားမိသည်။ (ကျွန်တော်တို့နေရ သည့်အိမ်တွင် တစ်အိမ်လုံးကအမဲသားရှောင်ကြပါသည်။) ကျွန်တော်လာမည်မှန်းသိ၍ အစ်ကိုကဖွယ် ဖွယ်ရာရာချက်ထားပေးပါသည်။ သို့သော်လည်း အမဲသားမဟုတ်ခဲ့။ ဈေးသွားတုန်း ဘဲသားတွေ့၍ ဘဲ သားကို မဆလာနိုင်နိုင်ဖြင့်ချက်ထားပေးသည်။ ကျွန်တော်ကြိုက်မည်ဟုယူဆ၍ သေသေချာချာအချိန် ပေးချက်ထားသော်လည်း ဘဲသားဟင်းကို ကျွန်တော်မစားသည့်အခါ သူစိတ်မကောင်းဖြစ်သွားရသည်။

"နင်က ကြောက်စရာကောင်းတယ်"

ဟု အစ်ကိုက ကျွန်တော့အကြိုက်များ၊ အစွဲအလန်းများနှင့်ပတ်သက်၍ သုံးသပ်ခဲ့သည်။

"အစ်ကို့တစ်ယောက်တည်းကို တစ်သက်လုံးစွဲစွဲမြဲမြဲချစ်တာကိုရော ကြောက်တာလား"

"အဲဒါတော့မပါဘူး"

တစ်ခါတစ်ရံတွင် အစ်ကိုက ဆိတ်သားခြောက်ကိုဖုတ်၍ထောင်းကာ ဆီဆမ်းပြီးဘူးထဲထည့်လာတတ် သေးသည်။ ကျွန်တော်ကြိုက်သည့်သွားရည်စာတစ်မျိုးမို့ ရုံးအံဆွဲတွင်သိမ်းထားရန်ဟုဆိုသည်။

"ရုံးမသွားခင် ကိုယ့်ရုံးအောက်ကိုခဏလာခဲ့"

သူ့ရုံးဆီကိုခေါ်ကာ သူများမမြင်အောင် ဆိတ်သားခြောက်ဘူးကိုတိတ်တိတ်လေးပေးသည့်ပုံမှာ ရယ် စရာကောင်းသလို ချစ်စရာလည်းအင်မတန်ကောင်းပါသည်။ ကျွန်တော်က သူ့ကိုကားထဲအတင်းခေါ်ကာ ဖက်နမ်းပစ်သည့်အခါ အကြောက်အကန်ရုန်း၍ ကားတံခါးဖွင့်ကာထွက်ပြေးတတ်ပါသည်။ သူ့ပတ်ဝန်း ကျင်က တစ်မျိုးထင်မည်ကို အင်မတန်ကြောက်သူဖြစ်လေသည်။

ညီ ဖန်တီးသော Love StoryWhere stories live. Discover now