"ညီ ဖန်တီးသော Love Story" အပိုင်း (၂၂)

226 23 2
                                    


(၂၂)

"ကိုယ် မိန်းမယူဖို့ အချိန်တန်ပြီလေ"

ထိုစကားကြားလိုက်ရသည့်ခဏတွင် ကျွန်တော့အမြင်များ အတွေးများအားလုံးဝေဝါးက ကမ္ဘာကြီးချာ ချာလည်သွားတော့သည်။ ဘယ်တော့မှ ပြောလိမ့်မည်မဟုတ်ဟုထင်မှတ်ထားသည့်စကားလုံးအားသူ ပြောထွက်သည့်အခါ စိုးရိမ်ပူပန်မှုများလှိုက်တက်လာလေသည်။

"အစ်ကိုဘာပြောလိုက်တာလဲဟင်"

"အချိန်တန်ရင် မိန်းမယူမှာပေါ့ လို့ပြောတာလေ၊ ဘာလို့လဲ"

"ဟာ"

ကျွန်တော်က သူ့ကိုအမှတ်တမဲ့စလိုက်ရမှ ထိုစကားထွက်ကျလာခြင်းဖြစ်သည်။ ရန်ကုန်၏ သူနှင့်ကျွန် တော်အခိုက်အတန့်များသည် ပျော်စရာသိပ်မကောင်းခဲ့ဟုဆိုရပါမည်။ ဝယ်ထားသည့်တိုက်ခန်းငယ်လေး သည် ပိုင်ရှင်နှစ်ယောက်ကိုမျှော်လျှက်အထီးကျန်ဆန်လှသည်။ တစ်ပတ်တစ်ကြိမ်တောင်မသေချာသည့် ချိန်းဆိုမှုများကြားတွင် အဖော်မဲ့လျှက်ရှိသည်။ တစ်ခါတစ်ရံတွင် သူ့သခင်နှစ်ယောက်ထဲမှ တစ်ယောက် သာလာပြီးခဏလေးအတွင်းပြန်သွားခဲ့သည်။ တစ်လလျှင်တစ်ကြိမ်ခန့်တော့ သူ့သခင်နှစ်ယောက်စလုံး ရောက်လာသော်လည်း ကြာကြာမနေနိုင်ခဲ့။

"အိမ်အလုပ်တွေလုပ်စရာရှိတယ်၊ စောစောပြန်ရမယ်"

"အမေ နေမကောင်းဘူး၊ ဆေးခန်းပြရမယ်"

"ရုံးမှာ သင်တန်းပေးဖို့စာလုပ်ရဦးမယ်"

"ညအိပ်လို့မရဘူး၊ ဟိုကောင်က ဘယ်အချိန်ပြန်ရောက်မယ်မသိဘူး၊ အမေ့ကိုစိတ်မချဘူး"

အစရှိသည့်အကြောင်းပြချက်များကြားတွင် ‌တိုက်ခန်းငယ်ကလေးသည် ခြောက်ကပ်ကပ်နိုင်လွန်းခဲ့ လေ၏။ တစ်ခါတစ်ရံမှာလာသူအဖို့တော့ ဘယ်ကဘယ်လိုမှန်းမသိရောက်ရောက်နှင့်နေသော ဖုန်များကို လှည်းကျင်းပြီးပြန်သွားရုံမျှသာရှိနေခဲ့သည်ကများသည်။ ကြာလာတော့ ကျွန်တော်သည် အစ်ကို့ပတ်ဝန်း ကျင်ကိုမုန်းလာသည်။ အစ်ကို့သူငယ်ချင်းများကို ကြည့်မရနိုင်တော့။ အစ်ကိုဘေးနားပတ်ပတ်လည်တွင် ရှိနေသူများကို အမြင်မကြည်တော့ပါ။

ညီ ဖန်တီးသော Love StoryNơi câu chuyện tồn tại. Hãy khám phá bây giờ