"ညီ ဖန်တီးသော Love Story" အပိုင်း (၁၅)

225 22 1
                                        

(၁၅)

ကိုဇင်လင်းမောင်နှင့် ကျွန်တော် ဖေ့စ်ဘုတ်မှတစ်ဆင့်သိခွင့်ရခဲ့သည်။ ခပ်တည်တည်ခပ်အေးအေးနေ တတ်သူတစ်ဦးဖြစ်ပြီး ပေါင်းရသင်းရလွယ်ကူသူ ဆိုရှယ်ကျသူတစ်ဦးလည်းဖြစ်သည်။ သူနှင့်အကျင့်စ ရိုက်လည်းတော်တော်တူပုံရပါသည်။ သို့သော်လည်း ကျွန်တော်နှင့်အပြင်တွင်တစ်ကြိမ်မျှမဆုံဖူးပါ။

အစ်ကိုနှင့်ပတ်သက်၍ တောက်လျှောက်လိုက်ပြီးစုံစမ်းရမှတစ်ဆင့် ကိုဇင်လင်းမောင်ကိုသိခဲ့ရကာ သူနှင့် အွန်လိုင်းပေါ်မှစကားပြောခွင့်များရရှိခဲ့သည်။ နောက်ဆုံး တစ်ဦးနှင့်တစ်ဦးခင်မင်ကာ စနောက်နေတတ် သည့်အကျင့်တောင်ရှိခဲ့လေပြီ။ သူတို့ပြတ်စဲသွားခြင်းက ထွေထွေထူးထူးပြသနာမရှိဘဲ ကိုဇင်လင်းမောင် ကနေ စတင်၍ ဖြတ်ခဲ့ခြင်းဟုသိရပါသည်။

"အစ်ကို ဘာလို့သူ့ကိုဖြတ်ခဲ့တာလဲ"

"ဒီလိုပါပဲ၊ သဘောထားချင်းမတိုက်ဆိုင်တာလေးတွေရှိတာပေါ့"

အေးအေးလူလူပင်ဖြေခဲ့ပါသည်။ ကျွန်တော်ကလည်း အသေးစိတ်မမေးမိတော့။ ဝေယံမင်းထင်သည် ကျွန်တော့ဘဝအတွက် မည်သူနှင့်မျှမလဲနိုင်သောတန်ဖိုးအရှိဆုံးသောအရာဖြစ်နေပြီမို့ ဝေယံမင်းထင်အ တွက် အရာရာရင်ဆိုင်ကျော်ဖြတ်ဖို့စိတ်ကူးထားပြီးသား။

"အစ်ကို့ Ex က မဟုတ်တော့ဘူး၊ ကျွန်တော့ကိုစိတ်ဆိုးအောင်လုပ်တာများနေပြီ၊ မရတော့ဘူး အသဲယား လာပြီဗျာ"

ခပ်နောက်နောက်ပုံစံမျိုးလည်းတစ်ခါတစ်ရံပြောပြဖြစ်တော့ သူက ရယ်သော အီမိုဂျီပုံစံသာပြနေခဲ့၏။ သူနှင့်အတိုင်းအတာတစ်ခုအထိရင်းနှီးမှုရယူထားခြင်းဖြစ်ပြီး အစ်ကို့အတွက် အစ်ကို့လိုအင်တစ်ခုခုများ ကို ဖြည့်ဆည်းပေးလိုပါက အကူအညီတောင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် သူနှင့်ဆက်ဆံရေးတည်ဆောက် ထားခြင်းဖြစ်လေသည်။ ကိုဇင်လင်းမောင်က အစ်ကိုနှင့်ပတ်သက်၍ မကောင်းကြောင်းတစ်ခုတစ်လေမှ မပြောဖူးခဲ့ပါ။ တကယ်တမ်းတွင် အစ်ကိုကိုယ်၌ကလည်း စိတ်သဘောထားပြည့်ဝသူ၊ ရိုးသားသူတစ်ဦး ဖြစ်ခဲ့လေတော့ ပြောကွက်မရှိသလိုဖြစ်နေခဲ့ခြင်းမဟုတ်ပါလား။ ချစ်သူကို အလိုက်ကန်းဆိုးမသိတတ် ခြင်းကလွဲရင်ပေါ့ရင်။

ညီ ဖန်တီးသော Love Storyحيث تعيش القصص. اكتشف الآن