(၁၂)
သူက ကျွန်တော်နှင့်ပတ်သက်၍ အတိုင်းအတာတစ်ခုအထိနားလည်သိရှိပြီး အကဲခတ်ပြီးသူမို့ ကျွန်တော် နှင့်သူ ချစ်သူဖြစ်ခွင့်ရခဲ့ပါသည်။ သာမာန်အားဖြင့်သူ့ကိုချစ်သူဖြစ်ခွင့်ရဖို့ အရမ်းကြီးမခက်ခဲဟုဆိုနိုင် သော်လည်း ကျွန်တော်တို့၏ ချစ်သူသက်တမ်းခရီးလမ်းမှာ အဆင်ပြေချောမွေ့နေသည်ဟုပြော၍မရပါ။ ညှိနှိုင်းရမှုများ၊ နားလည် အလျှော့ပေးရမှုများစွာ ပါဝင်ဖြည့်စွက်ခဲ့ရလေသည်။
မည်သို့ပင်ဆိုစေကာမူ ကျွန်တော်အစ်ကို့ကိုချစ်ပါသည်။ တစ်ကမ္ဘာလုံးတွင်ရှိသည့်လူများ ကျွန်တော့် အချစ်ကိုနားလည်သဘောပေါက်ကြမည်ဆိုလျှင် သူ့ကိုကျွန်တော် တောင်းရမ်းလက်ထပ်ယူချင်ပါသေး သည်။ မတည့်အတူနေရသည့်အဖြစ် သူ့အလိုလိုက်ရသည့်အဖြစ် တစ်ခါတစ်ခါသူက ကျွန်တော့ကို အ လျှော့ပေးရသည့်အဖြစ်များသည် ချိုမြိန်စရာအချစ်အရသာများဖြစ်ခဲ့ပါသည်။
အသက်အားဖြင့် အစ်ကိုနှင့်ကျွန်တော် ၈ နှစ်ဝန်းကျင်ကွာဟပါသည်။ အစ်ကိုက ၁၉၈၂ ခုနှစ်တွင်မွေးဖွား သူဖြစ်ပြီး ကျွန်တော်ကတော့ ၁၉၉၀ ခုနှစ်မွေးဖွားသူဖြစ်သည်။ ကျွန်တော်တို့ချစ်သူစဖြစ်သည့်နေ့က ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်ဖြစ်သည်။ မှတ်မှတ်ရရ သူကျွန်တော့ကိုအဖြေပြန်ပေးသည့်နေပေါ့။ ဆူး လေနားက ဆိုင်တစ်ဆိုင်တွင်ချိန်းဆိုကာအဖြေတောင်းခဲ့ပါသည်။
"ကျွန်တော် တစ်သက်လုံးစာအတွက်ချစ်သွားပါ့မယ်၊ အစ်ကို့ဆီက ချစ်တယ်ဆိုတဲ့အဖြေကိုလိုချင် တယ်အစ်ကို၊ အနားမှာအမြဲတမ်းရှိခွင့်ပေးပါ"
အရှေ့တွင် မည်သို့ပင်ရှိခဲ့ ရှိခဲ့ သူ့နှုတ်မှ ကျွန်တော့ကိုချစ်တယ်ဟူသည့်တရားဝင်စကားကို လိုချင်နေ သည်မို့ သပ်သပ်ချိန်းဆိုအဖြေတောင်းခဲ့ခြင်းပင်။
"ဒီလောက် အခြေအနေကို နင် နားမလည်ဘူးလားကွာ"
သူက ဘုဆတ်ဆတ်နှင့်ပြန်ပြောခဲ့သော်လည်း ကျွန်တော့ဂျီကျမှုကိုတော့မလွန်ဆန်နိုင်ခဲ့ပေ။
"နားလည်ပါတယ်၊ အစ်ကို့ရင်ထဲကိုလည်းကျွန်တော်မြင်ရတယ်၊ ဘယ်လိုသဘောထားတယ်ဆိုတာကို လည်းကောင်းကောင်းသိပါတယ်၊ ဒါပေမဲ့ အစ်ကို့နှုတ်ကမပြောရင်တော့ တရားဝင်မဟုတ်ဘူးလေ၊ အစ် ကို့ကို ကျွန်တော်တရားဝင်တွဲချင်တာပေါ့ဗျ"
![](https://img.wattpad.com/cover/219743809-288-k241962.jpg)
ESTÁS LEYENDO
ညီ ဖန်တီးသော Love Story
Romanceအစ်ကိုနဲ့အတူ နှစ်ယောက်တည်းကမ္ဘာတည်ဆောက်ချင်လို့ အချစ်ပုံပြင်ကို ညီ ဖန်တီးခဲ့တာပါ။ ဒါပေမဲ့ အဲဒီ Love Story ထဲမှာ....