"ညီ ဖန်တီးသော Love Story" အပိုင်း (၂၃)

242 21 2
                                    


(၂၃)

သို့သော် သူက ကျွန်တော့ကိုအပြစ်တင်လေသည်။

"တစ်ခုခုဆို စိတ်ဆင်းရဲအောင်လုပ်ဖို့ပဲ၊ ဘာလဲ၊ ဘာဖြစ်နေတာလဲပြော"

"ကျွန်တော်ဘာဖြစ်နေတာလဲ မသိဘူးလား၊ မသိချင်ယောင်ဆောင်နေတာလား"

"အေး မသိဘူးဟေ့"

"အဲဒါပဲလေ၊ ခင်ဗျားက ခင်ဗျားအတ္တပဲသိတာ၊ လူတစ်ဖက်သားခံစားချက်ဘယ်လိုနေမလဲ ဘယ်တုန်းက စဉ်းစားဖူးလို့လဲ၊ ကျွန်တော့ကိုအတ္တကြီးတယ်သာပြောတာ၊ တကယ်တမ်းအတ္တကြီးတာဘယ်သူလဲ သေ ချာစဉ်းစားကြည့်၊ ဒီစကားပြောရင် ဒီလိုခံစားချက်ဖြစ်မယ်ဆိုတာ မသိဘူးပဲထားဦး၊ လူတစ်ဖက်သားခံ စားသွားရတဲ့အခိုက်အတန့်မှာ ရှင်းပြရမယ်ဗျ"

သူ့ကိုစိတ်တိုတိုနှင့်ပြောမိပါသည်။ ထိုအရာက ကျွန်တော့အကျင့်ပါပဲ။ သူ့အပေါ်ထိခိုက်လိုစိတ်တော့မရှိ ပါ။ ကျွန်တော်ခံစားရသော သူနှင့်ပတ်သက်သည့်လိုအပ်ချက်များကို သူ့ကိုပြောမှ သူပြုပြင်နိုင်မည်ဆို သည့်စိတ်သာရှိလေသည်။ ဒေါသကလည်းထွက် ဝမ်းလည်းနည်းမို့တော်တော်လေးကိုပြောဖြစ်ခဲ့သောနေ့ ဟုဆိုရပါမည်။

"လမ်းအတူလျှောက်ရင် ပခုံးဖက်တာမကြိုက်ဘူး၊ ဘေးပတ်ဝန်းကျင်မှာ ကျွန်တော်နဲ့နီးနီးကပ်ကပ်နေ လို့တစ်ယောက်ယောက်ကမြင်သွားမှာအသေကြောက်တယ်၊ ရတယ် ထားတော့ ဒါကမြန်မာနိုင်ငံဆိုတဲ့ အကြောင်းပြချက်နဲ့နားလည်ပေးလို့ရတယ်၊ ကိစ္စတစ်ခုခုဆိုရင် မြုံထားတယ်၊ အတွင်းကောက်နေတယ်၊ ဘာကိစ္စလဲဆိုတာသိမှ ဖြေရှင်းလို့ရမယ်ဆိုတာကိုနားမလည်ဘူး၊ အချိန်တန်ရင်ပြီးရောဆိုပြီး မြုံနေ တယ်၊ ပြီးတော့....ပြီးတော့ ကျွန်တော်မကြိုက်တဲ့အခုလိုစကားလုံးမျိုးနဲ့ ထိုးနှက်တယ်"

"နင်ကလေးလား၊ အဲဒါ ဒီအတိုင်းပဲပြောလိုက်တာလေ၊ ကျွတ်...ငါ...ငါ ဒီစိတ်ရှိပြီးမှ ဒီလိုဖြစ်နေပြီးမှ အခြားမိန်းကလေးတစ်ယောက်ကိုလက်ထပ်ပေါင်းသင်းလောက်တဲ့အထိ အောက်တန်းမကျဘူးဆန်းနေ ရောင်၊ လူတိုင်းဟာ ကိုယ်ဖြစ်တည်မှု ကိုယ့်ဘဝနဲ့ကိုယ်လာကြတာကို လက်ခံရမယ်ဆိုတာ ကိုယ်သိပြီး သား"

ညီ ဖန်တီးသော Love StoryDonde viven las historias. Descúbrelo ahora