(၁၉)
အမှောင်ရိပ်အနည်းငယ်သန်းစပြုလာသည်။ ညနေစောင်းခဲ့ပြီ။ Fashion Walk အနီးတစ်ဝိုက်ပတ်ဝန်း ကျင်က ပို၍စည်ကားလာသည်။ ရုံးဆင်းချိန် ဈေးဝယ်လာကြချိန်ဖြစ်၍လားမသိ ပိုပို၍ထူထပ်လာသော လူအုပ်ကြီးကြားထဲ စိုးရိမ်ပူပန်မှုများဖြင့် ဟိုလျှောက်ဒီရှာလုပ်နေမိသည်။
ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ အစ်ကို့ကိုတွေ့လိုဇောဖြင့် တွေ့သမျှလူကိုလိုက်တိုက်မိနေတော့သည်။ ရင်ထဲတွင်ပူလောင်နေမှုကပြင်းထန်လာသည်။ ချွေးဒီးဒီးကျလျှက်ရှိပြီး မျက်လုံးများကတောင်စဉ်ရေမရ ကစားလျှက်နေတော့၏။
"အစ်ကို"
အစ်ကိုက ကျွန်တော့်ထက်ပို၍တောင်စိတ်ပူနေလောက်ပြီ။ ပိုက်ဆံလည်းပါမသွား၊ ဖုန်းလည်းပါမသွား။ ကျွန်တော့ကိုမတွေ့ခဲ့ပါလျှင်မည်သို့မည်ပုံပြန်လာမည်လဲ။
ကြံရာမရသည့်အဆုံး အစ်ကို့ပုံကိုတွေ့သမျှလူကိုလိုက်ပြကာ လူပျောက်ရှာနေမိတော့သည်။ ထိုနေ့ကျမှ လူက ပိုပို၍စည်ကားနေသလားမပြောတတ်တော့။ Branded ဆိုင်တိုင်းတွင်လူအပြည့် အလကားများ ပေးနေသည်လားအောက်မေ့ရသည်။ ဖက်ကျင်ကျကျ၊ စမတ်ကျကျဝတ်ကာ ဈေးဝယ်ထွက်လာသူများ ကိုလည်း အမှတ်တမဲ့မြင်မိသည်။ ဟောင်ကောင်သည်ဖက်ရှင်မြို့တော်မို့ တွေ့သမျှလူတိုင်းကစမတ်ကျ နေသယောင်ပင်။
"ဒီလူကိုတွေ့မိလား"
"လောပန် ဒီလူကိုမြင်လိုက်လား"
"ကျဲကျဲ ဒီတစ်ယောက်တွေ့မိလိုက်လား"
တတ်သမျှမှတ်သမျှ တရုတ်လိုခေါ်ဝေါ်ပြောဆိုကာ သူ့ပုံကိုပြရင်းရှာရင်းဖြင့် အရူးတစ်ပိုင်းဖြစ်နေမိ တော့သည်။ Branded Zone မဟုတ်ဘဲ အမှတ်တရပစ္စည်းများရောင်းသည့်ဖက်ရော Cleveland လမ်းမ ဘက်ကိုရောရောက်ဖြစ်ရှာဖြစ်ပါသည်။ နောက်ဆုံးရှာမတွေ့တော့ Fashion Walk ကိုပြန်လာရတော့ သည်။ အမှောင်ရိပ်တစ်ဖြည်းဖြည်းသန်းလာသည့်အချိန် လမ်းတောင့်တစ်နေရာတွင် Lost and Found ဌာနတစ်ခုသွားတွေ့သည်။
အငမ်းမရဝမ်းသာမိသွားကာ အပြေးတစ်ပိုင်းရောက်သွားတော့သည်။

KAMU SEDANG MEMBACA
ညီ ဖန်တီးသော Love Story
Romansaအစ်ကိုနဲ့အတူ နှစ်ယောက်တည်းကမ္ဘာတည်ဆောက်ချင်လို့ အချစ်ပုံပြင်ကို ညီ ဖန်တီးခဲ့တာပါ။ ဒါပေမဲ့ အဲဒီ Love Story ထဲမှာ....