မရဲ့တောင်တန်းကြီး
Girl love storyအခန်း(၁)
မြစ်ကြီးနား ဆေးရုံကြီးအတွင်း။
ဒေါက်တာဝင့်သူအောင် ဆိုသော် သူမ ပြောင်းလာခါစမို့ နေရာသစ် ၊အလုပ်သစ်ကိုအသားကျအောင် ကြိုးစား နေသည်။မိုးရိပ်တွေနှင့် ဆေးရုံတစ်ခုလုံးမှိုင်းညှိှူ့နေသည်။နေ့ခင်းလည်းဖြစ်၊ မိုးလည်းအေးအေးနဲ့မို့ ဝင့်တို့တာဝန်ကျရာဒေါက်တာတစ်စု ကိုယ့်တာဝန် ကိုယ်စီနှင့်။ထိုစဉ်မှာပဲဆေးရုံဝင်းအတွင်းသို့ အရှိန်နှင့် မောင်းနှင်လာသော surf ကားအနက်ရောင်တစ်စီး။ မောင်းသူဖက်မ့ှ ဖိနပ်အဖြူရောင်လေး။ ချည်သားအညိုရောင် ဘောင်းဘီ လေးနှင့်ကောင်မလေးတစ်ယောက် ဆင်းလာပြီး နောက်ခန်းကားတံခါးကိုဆွဲဖွင့်ခါဆေးရုံ ဝန်ထမ်းအချို့ကို အကူအညီတောင်းလိုက်သည်။ ထိုကောင်မလေး အသံကြောင့်ဆေးရုံရှိ ဝန်ထမ်းအချို့ ကားဆီ အပြေးအလွှား။"အမနှင်းဦး ဘာဖြစ်လာတာလဲ"
"ကလေးတစ်ယောက်ဆိုင်ကယ်တိုက်ခံရလာလို့ အမြန်လေးနော် ကိုဝင်းတင့် ကောင်လေးကသွေးထွက်များနေတယ်။"
သူမရဲ့စိုးရိမ်ပူပန်မှုကြောင့် အားလုံးပြာယာခပ်ကုန်သည်။လိုအပ်သည့် ကုသမှုများကို ဆရာဝန်များဆီလက်လွှဲပြီးတော့ နှင်းဦးမောင် ဆိုသော်သူမကလေး သက်ပြင်းကို ရဲရဲချလိုက်ရတော့သည်။ အရေးပေါ်ခန်းမ့ှ ကလေးအတွက် တစ်ဝက်တော့ စိတ်ချသွားပေမယ့် ထိုကေလးဘယ္သူဆိုတာ နှင်းဦးမသိပါ။ မြစ်ကြီးနားကိုအလုပ်ကိစ္စနဲ့ လာရင်း နေ့ကျောင်းဆင်းချိန် ဖြစ်သွားသော် မတော်တဆမှုမှာ သူမကူညီလိုက်ခြင်းသာ။
"နှင်းဦးမောင် "
"ဟာ ထားမြတ် ကေလးဘယ္လိုလဲ"
"စိတ်ချရပါပြီ နှင်းဦးတော့ ကောင်းမှုတစ်ခုလုပ်လိုက်ပြန်ပြီ"
"ဆန်းလို့လားထားမြတ်ရ"
"မဆန်းတော့ပါဘူး နှင်းဦးက ဆေးရုံကြီးနဲ့တောင် အသားကျနေပြီဟာကို ဒါနဲ့ကလေးမိဘတွေရော အသိပေးပြီးသားလား"
"သူတို့လိုက်လာလိမ့်မယ် အဲကလေးကိုသိတဲ့သူတွေက အကြောင်းသွားကြားကျတယ်။"
YOU ARE READING
မ ရဲ့ တောင်တန်းကြီး
Romanceနှလုံးသားဖြူစင်တဲ့ ပရဟိတဘုရင်မလေးတစ်ပါးကို ချစ်မိသွားတဲ့ ဆရာဝန်မလေး ထိုဘုရင်မလေးက သူမစွန့်ပစ်ခဲ့ဖူးသူတစ်ယောက်ဖြစ်နေတဲ့အခါ မာနကြောင့်ခံပြင်းမိသူ ဒေါက်တာ ဝင့်သူအောင် နာကျင်မှုတွေထွေးပိုက်ကာ မေတ္တာငတ်နေရှာတဲ့ နှလုံးသားဖြူစင်သူလေး၊ စွန့်ပစ်ခံရမှာကြောက်...