၁၈

12.7K 705 1
                                    

မရဲ့ တောင်တန်းကြီး။

အခန်း(၁၈)

ဝင့်မန္တလေးရောက်သည်နှင့် ။
သင်တန်းက နံနက်ပိုင်းကို သုံးရက်ဆက်တက်ရမှာပါ။သုံးရက်ထဲမို့ ဝင့်အိမ်မပြန်ဘဲ ဆေးရုံက စီစဉ်ပေးတဲ့ တည်းခိုဆောင်မှာသာ တည်းပါသည်။ဝင့်တည်းခိုဆောင်က မန္တလေးဆေးကျောင်းနားမှာမို့။ ပထမတစ်ရက် သင်တန်းအပြီး နေ့လည်ပိုင်းအားတာနှင့် ဝင့်ငယ်သူငယ်ချင်းများနှင့် ဆေးကျောင်းနားရှိထိုင်နေကျ အအေးဆိုင်လေးမှာ စုံဖြစ်ကျသည်။

"ဝင့်သူအောင် နင်သူ့ကိုမေ့ပစ် နိုင်ပြီလား"

ငယ်သူငယ်ချင်း အေးကျော်စကားကြောင့် ဝင့်သောက်လက်စ ကမ္ဗလာဖျော်ရည်ကို ပိုပြီးအာရုံစိုက်ရပါသည်။ ခင်ဆုသာက အေးကျော်ကိုတစ်ချက်ဟန့်လိုက်ပြီး

"အေးကျော် ဝင့်သူခဏလာတာကို နင်ကလဲ ပြီးခဲ့တာတွေ ပြီးခဲ့ပြီကို ခု ဝင့်သူကလေးတစ်ယောက်နဲ့ တွဲနေတာမို့လား"

ဝင့်ခင်ဆုသာကို အ့ံသြစွာ ကြည့်၍

"ဟဲ့ နင်က ဘယ္လို မ်ား သိရျပန္တာတုံး"

"ထားမြတ်က ငါ့ညီမတစ်ဝမ်းကွဲလေ အဲဒါနင့်အကြောင်း ငါကမေးရင်း သူပြောပြလို့ ထားပါ ငါသိချင်တာက နင်နဲ့ အဲကေလး အသက်တော်တော်ကွာတယ်ဆို ပြီးတော့ နင်သူ့ကို တကယ်ရောချစ်ရဲ့လား"

"ခင်ဆုသာ နင်"

"ငါ့ကိုဒေါသမထွက်နဲ့ နင့်ရဲ့အချစ်တွေက မြတ်လွန်းသူကို အကုန်ပေးခဲ့တာ ငါတို့တွေအသိဆုံး"

"ခင်ဆုသာ ပြောတာငါလည်းထောက်ခံတယ် ပြော ဝင့်"

"ငါ အဲ ကေလး နှင်းဦးမောင်ကို တကယ္ခ်စ္မိသြားတာပါ နင်တို့အသိပဲ ငါ ငါ့စိတ်တွေကို သတ္ထားတာ ဘယ်နှစ်နှစ်တောင်ရှိပြီလဲ ငါမြတ်လွန်းကို မမေ့နိုင်ဘဲ တစ်ကိုယ်ထဲ ကြွေလွင့်နေရတာ အရမ်းပင်ပန်းရပါတယ် ပျော်လည်းမပျော်နိုင်ခဲ့ဘူး မေ့မလားဆိုပြီး မြစ်ကြီးနားဖက်ကိုတမင်ရွေးပြီးသွားခဲ့လည်း ဟိုမှာအသားကျအောင် ကြိုးစားရတာမလွယ်ဘူး ငါလေ ကိုယ့်ကိုယ်ကို တောင် ရယ်တတ်သေးရဲ့လားတောင် ပြန်မေးယူရလောက်တဲ့အထိ အသက်မဲ့ခဲ့တာ ငါနှင်းဦးမောင်ကိုတွေ့တော့ သူက အငယ်တာဆိုတယ် အရာရာ ငါ့အတွက်၊ငါဖို့၊ငါ့အတွက်သီးသန့်ဆိုတဲ့ ဂရူစိုက်မှုတွေနဲ့ ငါ့ဘဝထဲကို တစိမ့်စိမ့်တိုးဝင်လာတယ်၊ ငါရွာဖက်တွေဆေးကုသွားရတော့ သူ့ဆီက မေတ္တာတွေအများကြီးရခဲ့တယ် ငါအံ့သြလောက်အောင် ငါ့ရဲ့အကြိုက်တွေ ငါ့အမူအကျင့်ကစ အသေးစိပ်ပြီး ဂရုစိုက်လွန်းတော့ ငါကြည်နူးမိတာအမှန်ပဲ၊ ပြီးတော့ သူ့ကိုတွေ့တွေ့ချင်း ငါ မြတ်လွန်းကို တွေ့လိုက်ရသလို အတွေးတွေ တသီကြီး တွေးနေမိတာ အမွတ္တရ ပဲ"

မ ရဲ့ တောင်တန်းကြီးWhere stories live. Discover now