၁၁

14.6K 850 0
                                    

မရဲ့တောင်တန်းကြီး

အခန်း(၁၁)

GL story

တနင်္ဂနွေ နေ့တစ်ရက်။

"ဒေါက်တာ ဒေါက်တာ တောထဲမှာ သစ်ပင်ပိလို့ လူနာပါလာတယ်"

တည်းခိုနေတဲ့အိမ်မှာ စာဖတ်နေသည့် ဝင့် ရွာသားတွေအသံကြောင့် laptop တစ်လုံးနှင့် အလုပ်ရှုပ်နေသည့် နှင်းဦးမောင်ဆီ လှမ်းကြည့်လိုက်သည်။ ဝင့်နဲ့အတူ နှင်းဦးပါ ရွာသားတွေဆီပြေးထွက်လာပြီး

"ဟာ ဘယ်လိုတွေဖြစ်လာတာလဲ သွေးတွေလည်းများလို့ထားမြတ် အခါးတို့ လာက်"

ဝင့်ရွာသားတွေလက်ထဲမှာ နာကျဉ်စွာညည်းညူနေသည့် လူနာကို စိူးရိမ်မှုများနှင့်ကြည့်ပြီး

"ပေါင်ကျိုးသွားတာပဲ ဆေးရုံတင်မ့ှရမယ် နှင်းဦးအမတို့ ဆေးရုံသွားမ့ှဖြစ်မယ် ဒီဖက်မှာ အနီးဆုံးတိုက်နယ်ဆေးရုံရှိလား ထားမြတ်လူနာသက်သာအောင်ဆေးတစ်လုံး အရင်ထိုးပေး၊အခါး ၊ထုမိုင် ပတ်တီးနဲ့ဒဏ်ရာ ကို စည်းဖို့ စီစဉ်"

ဝင့်စကားအဆုံးမှာနှင်းဦး တည်းခိုရာ အိမ်သို့ ထွက်သွားတော့သည်။ တအောင့်နေတော့

"သွားကျအောင် ဒေါက်တာ လူနာစောင့်ဖို့ နှစ်ယောက်လောက်ရော လိုက်ခဲ့ပါ"

ကျောပိုးအိတ်လွယ်ထားသည့် နှင်းဦးမောင် စကားကြောင့် အားလုံးလှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ နှင်းဦး surf ကားအနက်ရောင်ပေါ်မြန်မြန်ဆန်ဆန်လေး တက်ရင်း ကားစက်နိုးလိုက်သည်။

တိုက်နယ်ဆေးရုံ။

"ဒေါက်တာရော မနှင်းဦးမောင် နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်နော် ငါတို့အကို ဆေးရုံအရောက်မြန်လို့ပေါ့ ၊သွေးထွက်လွန်တာနဲ့ပဲ ငါတိူ့လက်လွှတ်လိုက်ရမှာ ကျေးဇူးတင်ပါတယ်"

"ကဲ အားစီး ရယ် အားခီလည်း အဆင်ပြေပြီပဲကို ကျေးဇူးတွေလည်း မတင်ပါနဲ့တော့ ဟုတ္လား ဘယ်သူဒုက္ခရောက်ရောက် ကူညီပေးရမှာပဲ လိုအပ္တာ အကုန်စီစဉ်ပေးခဲ့တာမို့ မစိုးရိမ်နဲ့တော့နော် ပြီးတော့ ဒေါက်တာတစ်ယောက်လုံး ပါလာတာပဲ"

"ဟုတ်ကဲ့မနှင်းဦးမောင်၊ ဒေါက်တာ....ဒေါက်တာ့ကိုလည်း ကျေးဇူးတင်ပါတယ်"

မ ရဲ့ တောင်တန်းကြီးWhere stories live. Discover now