မရဲ့ တောင်တန်းကြီး
အခန်း(၃၆)
GL story
ဇာတ်သိမ်းပိုင်း။
"ကေလး "
"ရှင့်"
"Account အဟောင်းလေး က သုံးသေးလား"
ဝင့်နဲ့ ကလေးရှမ်းပြည်ဖက်ကိုပြန်လာနေပါပြီ။ ကလေးချစ်တဲ့ မိဘမဲ့ကလေးလေးတွေရှိတဲ့ခြံဆီ။ ကော်ဖီပင်တွေ စိုက်ထားသည့်ခြံဆီ။ ဝင့်အတွက် နေကြာခင်းတစ်ခင်း စိုက်ထားသည့်ခြံဆီ။ လိမေ္မာ်ပင်တွေရှိသည့်ခြံဆီ။ ဝင့်ချစ်တဲ့ ရှမ်းကုန်းပြင်မြင့်ဆီ။
"ဘာလဲ ဟင်"
ဝင့်ကားမောင်းနေရင်း ပြုံးလိုက်ကာ
"ကိုယ့်ကို ရည်းစားစကားလာပြောတဲ့ အကောင့်လေးလေ fighter ဒီဇိုင်းနဲ့ ဆိုင်ကယ်စီးနေတဲ့ profile နဲ့ အကောင့်လေ"
"ရှင်"
"ရှင်မနေနဲ့ ကိုယ်လက်ခံလိုက်ပြီနော်"
"ဟာ မ တကယ်နောက်တယ်နော် addထားတာဖြင့် ကြာလှပြီ မကလေခ်လိုက္တာ"
"ရှင်လေးကရော ကိုယ့်ကိုမကြောက်မရွ့ လာပြီး ရည်းစားစကားပြောရဲတယ်နော်"
"ဟီးဟီး နှင်းဦးက မ အကောင့်ကို နေ့တိုင်းဝင်ကြည့်တာရှင့် မ က လက်မခံပေမယ့် မရဲ့ status တွေ အကုန်ကြည့်တာ အဲဒါ ခုအချိန်တွေထိ"
"မထင်ရဘူးနော် Hacker လည်း လုပ်တတ်သေးတာ"
"ချစ်တာကိုးမရဲ့ မလည်း နှင်းဦးလို လူတစ်ယောက်ကို အဲ တစ်ယောက်ကိုပဲ စူးစိုက်ပြီး ချစ်ကြည့် နှင်းဦးရဲ့ ခိုးကြောင်ခိုးဝှက်တွေအကုန်လုံးတတ်စေရမယ်"
"ကိုယ္ကေတာ့ ပွင့်ပွင့်လင်းလင်း ပဲ ချစ်မှာပါ တချို့လူတွေလို ချစ်နေတာကို ဟန်ကြီးဆောင်ပြီး ပေးဆပ်သလိုလို ကြွေမပြပါဘူးနော် ပြောလိုက်ရင် ဒေါက်တာ့အတွက် ဒေါက်တာ့အတွက်နဲ့ ဟ ဟ နှင်းဦးမောင် လူလေးကြည့်တော့ ၅ပေ လေး မရောက်ဘဲ မာယာကြွယ်ချက် ကိုယ့်အနားကို ချဉ်းကပ်လာတာများ ဆရာကျတယ်"
"မကလဲ နှင်းဦးက မကို အရမ်းချစ်ရတာကိုး အဲလို မလှောင်ပါနဲ့ မကိုချစ်တာနဲ့ ပတ်သက်ပြီးတော့ နှင်းဦးအချစ်တွေကို ဟာသ မလုပ်ပစ်ပါနဲ့ မရယ်"
YOU ARE READING
မ ရဲ့ တောင်တန်းကြီး
Romanceနှလုံးသားဖြူစင်တဲ့ ပရဟိတဘုရင်မလေးတစ်ပါးကို ချစ်မိသွားတဲ့ ဆရာဝန်မလေး ထိုဘုရင်မလေးက သူမစွန့်ပစ်ခဲ့ဖူးသူတစ်ယောက်ဖြစ်နေတဲ့အခါ မာနကြောင့်ခံပြင်းမိသူ ဒေါက်တာ ဝင့်သူအောင် နာကျင်မှုတွေထွေးပိုက်ကာ မေတ္တာငတ်နေရှာတဲ့ နှလုံးသားဖြူစင်သူလေး၊ စွန့်ပစ်ခံရမှာကြောက်...