၂၀

13.3K 732 3
                                    

မရဲ့တောင်တန်းကြီး

အခန်း(၂၀)

GL story

ဝင့် ဆရာ့ရဲ့ စကားအဆုံးမွာ ကုတင်ပေါ်မ့ှဝင့်ရဲ့ကလေးလေးကို လှမ်းကြည့်လိုက်မိသည်။

" ကလေးရယ် ကိုယ့်ကို အဲ လောက်ထိချစ်ရသလားကွာ"

"ဒေါက်တာ ကျွန်တော်ပြောခဲ့သားပဲ ကျွန်တော့ညီမလေးက ဒေါက်တာတစ်ယောက်ပဲ အသက်ရှင်ဖို့ စေစားနိုင်မှာပါလို့ ကျွန်တော် ့ညီမလေးအတွက် ဒေါက်တာရှိနေပေးတာ ကျွန်တော်အရမး်ကို ကျေးဇူးတင်မိပါတယ်ဗျာ"

"ကိုမင်းခန့်ရယ် တကယ်တော့ ဝင့်ထက်သူက ဝင့်ကိုပိုချစ်နိုင်ခဲ့တာပါ"

"ဒေါက်တာအိမ်ပြန်ပြီး ခဏနားလိုက်ပါလား ခရီးရောက်မစိုက် ဆိုတော့ညီမလေးကို ကျွန်တော် စောင့်နေပေးပါ့မယ်"

"ဟင့်အင်း ကိုမင်းခန့် ကလေးနိူးလာချင်း ဝင့်ကိုပထမဆုံး မြင်စေချင်လို့ပါ ပြီးတော့ ဝင့်မပင်ပန်းပါဘူး ခုအချိန်မှာ ဝင့်သူ့အနားက တစ္ဖဝါးမွ့ မခွာချင်ဘူး "

"ဟုတ်ပြီလေ ဒါဆိုဒေါက်တာအတွက် စားဖို့ တစ်ခုခုစီစဉ်ပေးပါ့မယ် အစားရှိအောင်တော့ ဝင်အောင်စားလိုက်ပါ ညီမလေးဆိုရင်လည်း ဒေါက်တာ့ကို အခုလိုဖြစ်စေချင်မှာ မဟုတ္ဘူး ဒါနဲ့ ဒေါက်တာ့သင်တန်းက မပြီးသေးဘူးမို့လား"

ဝင့် ကိုမင်းခန့် ရဲ့ အေမးကို ဝင့်ကလေးရဲ့လက်ကလေးကို တင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး ခပ်တိုးတိုးလေး

"သင်တန်းက ဝင့်ကလေးနဲ့ ယှဉ်လာရင် ဘာများအရေးကြီးလို့လဲ ကိုမင်းခန့်ရယ်"

============= =============

2AM:
ဆေးရုံတစ်ဝင်းလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ညအမှောင်က တဖြေးဖြေးအလင်းနည်းလာသည်နှင့်အမျှ ညငှက်ကလေးတွေရဲ့ တစွန်းတစ အော်သံများသာအသက်ဝင်နေပါသည်။

ဝင့်ကလေးရဲ့ ကုတင်ဘေးနားမှာထိုင်ရင်း ကလေးရဲ့ laptop လေးကို ဖွင့်ကြည့်နေခြင်းပါ။ကံကောင်းလှ၍ ကလေးရဲ့ laptop လေးအကောင်းပတိကျန်ခဲ့ပေမယ့် ကင်မရာလေးတော့ မွမွကြေသွားသည်တဲ့။ ကလေးအတွင် ကင်မရာ လေးပြန်ဝယ်ပေးရအုံးမယ်။

မ ရဲ့ တောင်တန်းကြီးWhere stories live. Discover now