၂၄

12.3K 683 1
                                    

မရဲ့တောင်တန်းကြီး

အခန်း(23)

ဒီနေ့ ကလေးရဲ့မွေးနေ့မို့ ဆုတောင်းပြည့်ဘုရားရှိရာ ဝင့်တို့နှစ်ဦးထွက်လာခဲ့သည်။ဘုရားမှာရေသပ္ပါယ်နေသည့် ဝင့်ကလေးလေးသည် ဝင့်စိတ်တိုင်းကျ ချုပ်ပေးထားသည့် ကချင်မိတ်ငှက်ခါး ရောင်လေးဖြင့်။ ကလေးရဲ့ လွပတဲ့ ခန္ဓာကိုယ်သွယ်သွယ်လေးက ကချင်ထည် ဝတ်စုံလေးအောက် မှာထင်းခနဲ။ ဝင့် ဒီမနက် မွေးနေ့လက်ဆောင်အတွက် ကလေးကြိုက်သည့် G-shock ခဲရောင်နာရီလေးကို လည်း တခါတည်း ဝတ်လာပါသေးသည်။

ကလေးနဲ့အတူ ဘုရား ရှိခိုး၊ ဘုရားပန်းကပ် ကုသိုလ်တွေအများကြီး အတူတူပြုလုပ်ခဲ့ကြသည်။နံနက်စောစော ဧရာဝတီ မြစ်ဘေးနားက ဆုတောင်းပြည့်မြတ်စွာဘုရားမှာ ဝင့်နဲ့ကလေး ခုံတန်းလေးမှာ အတူတူထိုင်ရင်း မြစ်ပြင်ကြီးရဲ့ အလှကိုလည်း အတူစီးမြောခံစားခွင့် ရခဲ့ပါသည်။ ကလေးပြောပြတဲ့ ဘုရားသမိုင်းတွေကိုလည်း ဝင့်နားထောင်ခွင့် ရခဲ့ပါသေးသည်။နံနက်စောစော ဘုရားလာသူ အကိုကြီး၊အမကြီး အတြဲတစ္တြဲကို အကူအညီတောင်းပြီး ဝင့်တို့နှစ်ယောက် ဓာတ်ပုံလေးလည်း ရိုက်ခွင့်ရလိုက်သည်။

ဝင့်ကိူဆေးရုံပို့ပေးပြီး ကလေးလှည့်ပြန်မည်အလုပ်

"ကေလး"

"ရှင်"

"ကလေးရဲ့ ကားနောက်ခန်းမှာ ကလေးအတွက် မ မွေးနေ့လက်ဆောင် နောက်တစ်ခုရှိသေးတယ်"

"ရှင် သြော် ဟုတ် မ ဟုတ် နှင်းဦးကြည့်လိူက်မယ်"

"အွန်းဒီမှာမကြည့်နဲ့ ကလေးအလုပ်ထဲရောက်မ့ှ ကြည့်"

ကေလးက ဒီနေ့ မြစ်ကြီးနား က သူ့ဆိုင်တွေဖက် သွားရမှာမို့ ဝင့်ပြောလိုက်ခြင်းပါ။

"ဟုတ် ဒါဆို နှင်းဦးသွားပြီနော်"

"အင်း နေ့လည်စာကို စားဖြစ်အောင်စားပါ နေလည် ဖုန်းဆက်လို့ ထမင်းမစားရသေးဘူး ဆို ကိုယ်မင်းကို ဆူမှာနော်"

"ဟုတ်သွားပြီ မေရ မကို ချစ်တယ်"

ဝင့်တစ်ယောက် သူနာပြုတွေနဲ့အတူ လူနာတွေကိုလှည့်ပတ်ကြည့်ရင်း လိုအပ်သည့် ကုသမှုတွေလုပ်ဆောင်ရင်း။ နားနေခန်းသို့ထွက်လာစဉ် ဝင့်မေမေဆီက ဖုန်းလာသည်။ မေမေနဲ့ဖုန်းပြောပြီးတော့ ဝင့်စိတ်ရှုပ်ထွေးစွာ သက်ပြင်းတွေချလိုက်မိသည်။ ဖုန်း screen ပေါ်မ့ှ ကလေးရဲ့ ပုံလေးပေါ်လာသည်။ message ဝင်လာခြင်းပေ။

မ ရဲ့ တောင်တန်းကြီးWhere stories live. Discover now