14.5K 903 0
                                    

မရဲ့တောင်တန်းကြီး

အခန်း(၇)

Girl love story

နောက်တစ်ရက်။

"ခင်ဦး နှင်းဦးမောင် တစ်ယောက်ရော"

"မမနှင်းဦးမောင်ရယ် ဦးခမ်းနောင် ရယ် ရွာသားတစ်ချို့ရယ် စာသင်ကျောင်းဖက်သွားကြတယ်"

"ဟုတ္လား မနက်မိုးလင်းထဲကဘေးမှာမရှိလို့ ညတုံးကလည်း မဝင့်ကပန်းတာနဲ့ တချိုးထဲ အိပ်ပျော်သွားတာမို့ သူ့ကိုမမေးမိဘူး သူ့ဒဏ်ရာ သက်သာရဲ့လား မသိဘူး"

"ဘာမ့ှတော့ပြောမသွားဘူးဒေါက်တာရဲ့"

"ဒါနဲ့စာသင်ကျောင်းဖက်က ဘာရှိလို့တုံး"

ဝင့်ကိုယ်ဝန်ဆောင် တစ်ယောက်ကို စမ်းသပ်ရင်းမေးတော့ ဘေးမှာရှိတဲ့ အခါးကပဲဖြေပါသည်။

"မနှင်းဦး မောင်က စာသင်ကျောင်းအတွက် လိုအပ်တာစီစဉ်ပေးဖို့ပါ ကျောင်းဆောင်အသစ်ထည့်ချဲ့ဖို့ရယ် ဒီနှစ်ကျောင်းမတက်နိုင်တဲ့ကလေးတွေအတွက် ပညာသင်စရိတ်တွေအကုန် မနှင်းဦးမောင်ပဲ ဒိုင်ခံလှူတာ"

"ဟင်သူက အဲလောက်တောင် ချမ်းသာလိူ့လား"

"ဟုတ်ချမ်းသာတယ် ဒေါက်တာ သူကိုယ်တိုင်လည်းလှူသလို အလှူခံပြီးလည်း လှူတာမို့ ထိရောက်ပါတယ် ဒီဖက်ဒေသမှာတော့ မနှင်းဦးမောင်က တကယ့်နတ်သမီးပါ"

"ဟုတ်တယ်ဝေ့ ဒေါက်တာ မနှစ်က ကျွန်မသမီးလေးဆယ်တန်းအောင်တော့ တက္ကသိုလ် ဆက်တက်ဖို့ မနှင်းဦးမောင်ပဲစီစဉ်ပေးတာ အသက္သာငယ္တာ လေးစားဖို့ကောင်းတဲ့ အမျိုးသမီးပဲနော်"

ဝင့်စမ်းသပ်နေသည့် ကိုယ်ဝန်ဆောင်က ပြောပြချင်းပါ။

"ကျွန်မတို့်တွေအတွက်တော့ မနှင်းဦးမောင်မရှိလို့ မဖြစ်ပါပဲဒေါက်တာရယ် မြစ်ကြီးနား မြို့ပေါ်မှာ သက်တောင့်သက်သာ နေနိုင်ပါရက်နဲ့ ဒီဖက်ဒေသတွေအတွက် ဒီတောထဲမှာ လာနေနေတာပဲကြည့်ပေါ့ ဒေါက်တာမလေးရယ်"

ဝင့်တို့ပြောတုံးမှာပဲ နှင်းဦးမောင်ရောက်လာခဲ့သည်။သူမလေးပြောသမျှကို အားလုံးကတလေးတစားနားထောင်ရင်း ဝင့်တို့ဆေးကုဆောင်ကိုဝင်လာကျသည်။

မ ရဲ့ တောင်တန်းကြီးWhere stories live. Discover now