မရဲ့တောင်တန်းကြီး
အခန်း(၃၅)
GL story
ရှမ်းပြည်နယ် ရဲ့အေးစက်စက်ညချမ်းလေးတစ်ခုမှာ။ စက်နွယ်ရဲ့အိမ်လေးမှာ လူစုံတက္စုံ။ စက်နွယ်မိသားစုအပြင် ဝင့်ရယ်၊နှင်းဦးရယ်။ ထမင်းစားသောက်ပြီး စက်နွယ်ရဲ့ ညီမလေးရဲ့ ခေါပုတ်ကြော်ပူပူလေးရယ်၊ ကော်ဖီ ပူပူလေးဖြင့် အားလုံးဧည့်ခန်းမှာနေရာယူရင်း။
"ကဲ နှင်းဦးမောင် နင့်အရှုပ်တော်ပုံလေး ငါ့ကိုရှင်းပြပါအုံး"
ကေလးက ဝင့် သူကိုပုခုံးလေးဖက်ထားတာမို့ ဝင့်ကိုမော့ကြည့်လိုက်သည်။ ပြီးမ့ှ စက်နွယ်ရဲ့ မေးခွန်းကိုဖြေတော့သည်။
"ငါ မ အိမ္က ထွက်လာတော့ မခင်ဆုသာနဲ့ မအေးကျော်တို့နဲ့ တွေ့တယ်။မခင်ဆုသာက လမ်းမှာခဏဆင်းပြီး လိုအပ်တာဝယ်နေပေမယ့် မအေးကျော်ကပဲ ငါ့ကိုလေဆိပ်လိုက်ပို့ပေးတယ်။ ငါ လေဆိပ်အပေါက်ဝဝင်ခါနီးမှာပဲ မခင်ဆုသာ မအေးကျော်ဆီဖုန်းဆက်လာတယ် မ သတိလစ်သွားလို့ ဆေးရုံတင်လိုက်ရတဲ့အကြောင်း ငါ ငိုနေရင်းနဲ့ပဲ ငါစီးမယ့်လေယာဉ်ဖက်ကိုလာခဲ့ရင်း စုမြတ်နဲ့တွေ့တယ် မအေးကျော်ကတော့ ငါ့ကိုထားခဲ့ပြီး မဆီအမြန်ပြန်သွားတာပေါ့ စုမြတ်နဲ့တွေ့တော့ စုမြတ်ရှေ့မှာ ငါသေအောင်ငိုတော့ စုမြတ်က မဆီကိုပြန်သွားဖို့ ငါ့ကိုနားချတယ် မဆေးရုံမှာ ဘာပဲဖြစ်ဖြစ် ငါ့ကိုလိုအပ်နေမှာပဲတဲ့ ငါထွက်သွားတာနဲ့ မခုလိုသတိလစ်ပြီး ကျန်ခဲ့တယ်ဆိုတာကြည့်ရုံနဲ့ မရင်ထဲမှာ ငါ့အတွက်နေရာတွေ အများကြီးရှိတဲ့ အကြောင်းစုမြတ်က နားချတော့တာပေါ့ ဒါနဲ့ စုမြတ်က လေယာဉ်ပေါ်တက်သွားပြီး ငါ့ကိုနှုတ်ဆက်သွားတယ် ငါထိုင်နေတဲ့နေရာမှာပဲဘာလုပ်ရမယ်မှန်းတွေးလိူ့မရခဲ့ဘူး နာရီဝက်ကြာတော့ ငါ့ရင်ထဲ တင်းကြပ်လာတာမို့ နင့်ဆီကိုဖုန်းဆက်ဖို့ကြံသေးတယ် ဒါပေမယ့် ငါနင်နဲ့ ဖုန်းပြောနိုင်လောက်အောင်ထိ ငါ အားမရှိဘူး ငါနင့်ဆီက အီမိုဂျီတွေပဲ ပို့ပေးခဲ့ပြီး အဖြေရှာနေခဲ့တာပဲ စက်နွယ် ငါလေဆိပ်ကနေထွက်လာပြီး မဆီပြန်လာမယ်လုပ်တုံး လေဆိပ်မှာရုတ်ရုတ်သဲသဲဖြစ်လာတော့ ခုနက စုမြတ်စီးသွါးတဲ့ လေယဉ်လမ်းမှာ ပ်က္က်တဲ့ သတင်းကို ရေတာ့ ငါ စုမြတ်အတွက်ပူပန်ပြီး ရရာကားနဲ့ မြစ်ကြီးနား ကို ပြန်သွားခဲ့တယ်။ တမြို့လုံး အုတ်အော်သောင်းနင်း ပြီး ငါ့ခန္ဓာကိုယ်ဆိုပြီး မှတ်ယူနေတာကို ငါရှင်းပြဖို့ အခွင့်အရေးမရခဲ့ဘူး ငါ စုမြတ်အတွက် အကောင်းဆုံး ဂူသွင်းပြီး အလှူအတန်းတွေ လုပ်ပေးခဲ့ပါတယ် ငါ့နာမည်တပ်ထားတဲ့ သက်မဲ့ အုတ္ဂူတစ္ခုဟာ ငါ မဟုတ်ပဲ စုမြတ်ဆိုတာ စုမြတ်နဲ့ ငါနဲ့ ကလွဲရင် ဘယ်သူမ့ှမသိနိုင်ဘူး စုမြတ်ကလည်း ငါ့လို တစ်ကောင်ကြွက်မို့်စုမြတ်အလောင်းကို လာရှာတဲ့ သူတောင်မရှိခဲ့ ကြခြင်းက ပိုပြီး ငါဆိုတဲ့ ယူဆခ်က္ကိုပဲ အတည်ယူခဲ့ ကြတာပေါ့"
VOUS LISEZ
မ ရဲ့ တောင်တန်းကြီး
Roman d'amourနှလုံးသားဖြူစင်တဲ့ ပရဟိတဘုရင်မလေးတစ်ပါးကို ချစ်မိသွားတဲ့ ဆရာဝန်မလေး ထိုဘုရင်မလေးက သူမစွန့်ပစ်ခဲ့ဖူးသူတစ်ယောက်ဖြစ်နေတဲ့အခါ မာနကြောင့်ခံပြင်းမိသူ ဒေါက်တာ ဝင့်သူအောင် နာကျင်မှုတွေထွေးပိုက်ကာ မေတ္တာငတ်နေရှာတဲ့ နှလုံးသားဖြူစင်သူလေး၊ စွန့်ပစ်ခံရမှာကြောက်...