14K 870 2
                                    

မရဲ့တောင်တန်းကြီး

အခန်း(၉)

GL story

ဝင့်တို့ဆေးအဖွဲ့ရော၊ နှင်းဦးမောင်တို့ရွာအဖွဲ့ရော မအားမလပ္က်။ ဝင့်တို့၊ထားမြတ်တို့ကလည်း ရွာသားတွေကျန်းမာရေးအတွက် လိုအပ်တာတွေပြောပြ၊ အသိပညာတွေပေးနဲ့ အချိန်တွေ တဖြေးဖြေးပဲ့ကြွေလာသည်။ နှင်းဦးမောင် နဲ့ ဆရာဂျိုးစက် ၊ဦးခမ်းနောင် တို့ကလည်း ရွာတွေအတွက် မရှိမဖြစ် စာသင်ကျောင်းတွေအတွက် ။ဖွံ့ဖြိုးရေးတွေလုံးပန်းရင်း။ တခါတေလဆို ဝင့်နှင်းဦးကို မမြင်ရသည့်နေ့တွေတောင် ရှိသည်။ ညရောက်မ့ှပြန်လာပြီး နှင်းဦးမောင်တစ်ယောက် ကင်မရာဖြင့်ရိုက်လာသည့် ဓာတ်ပုံတွေ၊ laptop တစ်လုံးနှင့်အလုပ်ရှုပ်နေကျ။ ဝင့်မှာသာ အိပ်ယာထဲရောက်နေသည်။နှင်းဦးမောင် ဖုန်းပြောလိုက်ရ။ Internet ကေန ဘာတွေလုပ်လို့လုပ်မှန်းမသိ။ ဝင့်တရေးနိုးတောင် သူမကေလး အိပ်ရအုံးမယ့်ပုံမပေါ်။ တစ်ကုတင်ထဲ အတူအိပ်ပေမယ့် နှင်းဦးမောင်က အိပ်လျှင်ငြိမ်ငြိမ်လေး မလှုပ်မရှုက် အိပ်တတ်တာမို့ ဘယ်အချိန်ဝင်အိပ်မှန်းကိုမသိနိုင်လောက်အောင် ။ နံနက် ဝင့်နိုးလာပြီဆိုလျှင် ဝင့်နံဘေးမှာ ရေမိုးချိုး အဝတ်အစားလဲပီး ဘုရား ရှိခိုး၊ပုတီး တွေစိတ်၊တရားရှုမှတ်နေသော နှင်းဦးမောင်ကို အမြဲတွေ့နေကျ။

ရွာကစီစဉ်ပေးထားသည့်နံနက်စာကို နှစ်ယောက်သားအတူတူစားကြပြီဆိုလျှင်လည်း နှင်းဦးမောင်က နံနက်စာစားရင်း စာအုပ်တစ်အုပ်ကို ဆယ့်ငါးမိနစ်ခန့်အချိန်ပေးဖတ်ပါသည်။ ဘယ်အချိန် ထဲက ဖျော်ထားမှန်းမသိတဲ့ ဝင့်အတွက် ကော်ဖီဗူးလေးကတော့ နံနက်တိုင်းရှိနေတာ ဝင့်အံ့သြရသည်။

"ဒေါက်တာ ဆေးကုရင်း သောက်ရအောင် များများလေးဖျော်ပေးထားတယ် ရာသီဥတု အေးတော့ ကော်ဖီလေးရှိတော့ အဆင်ပြေမယ်ထင်လို့ပါ"

"အမဝင့် ဘာတွေစဉ်းစားနေတာလဲ"

"ဟင် ထားမြတ် ဟင့်အင်း ဘာမ့ှမစဉ်းစားပါဘူး"

"နှင်းဦးမောင် အကြောင်းတွေးနေတာမဟုတ်လား"

"ဟာ ပေါက်ပေါက်ရှာရှာ"

မ ရဲ့ တောင်တန်းကြီးWhere stories live. Discover now