မရဲ့ တောင်တန်းကြီး။
အခန်း(၃၃)
GL story
"ဒေါက်တာ အလုပ်ပြန်ဝင်သင့်ပြီ"
ဝင့် စက်နွယ်ရဲ့ စကားကိုမကြားဟန်ပြုရင်း ဝင့်နဲ့ ကေလး နောက်ဆုံး စကားမ်ားက်တဲ့ နေ့က ကလေးကျကျန်ခဲ့သော် နာရီဗူးလေးကို ကြေကွဲစွာ ကြည့်နေမိသည်။ ဝင့်ပတ်နေကျ နာရီကိုမွ့ ခဲရောင် နာရီလေး ။ဝင့်ရင်ထဲ ဆောင့်ခနဲ့ ခုန်သွားပြီး ချက်ချက်လှုပ်ရှား သွားမိသည်။
"စက်နွယ် အမဖုန်းရော ဟင်"
"ဒီမှာလေ ဒေါက်တာရဲ့"
ဝင့်မျက်ရည်တွေရော၊ ရင်ခုန်နှုန်းတွေရော ပြန့်နှဲ့သွားကာ ဝင့်ဖုန်းလေးကို အရူးအမူး မက်မောစွာ လှမ်းကိုင်လိုက်သည်။
"စက်နွယ် လာ အမ နား လာ"
စက်နွယ် အရူးလို ဖြစ်နေသည့် ဒေါက်တာ့နားကိုလာခဲ့ ရင်း ဒေါက်တာ့ကိုတစ်လှည့် ဒေါက်တာ လက်ထဲက ဖုန်းထဲမ့ှ နှင်းဦးနဲ့ ဒေါက်တာရဲ့ နှစ်ဦးထဲပြောထားသည့် chat boxကို နားမလည်စွာကြည့်နေသည်။
"မင်္ဂလာ ပါ မ"
ဗီဒီယို ဖိုင်လေးတစ်ခု။နှင်းဦးရယ် နှင်းဦးဘေးမှာ နောက်ထပ်ကောင်မလေး တစ်ယောက်ရယ်။ နှင်းဦးရှေ့မှာ ခုနက ဒေါက်တာ ကိုင်ကြည့်နေသည့် နာရီဗူးလေးချထားသည်။
"မ နှင်းဦး မုန့်စားနေတာ ဒါက နှင်းဦးရဲ့ တပည့်လေးလေ သူ့ကို ဆယ်တန်းတုံးက နှင်းဦးစာသင်ပေးခဲ့တာ ကြာပြီကွဲသွားကျတာ ခုမွ့ ပြန်တွေ့တာ အဲဒါစုမြတ်က သူဆယ်တန်းကို 3Dပါတာ ဘာမွ့ လက်ဆောင်မပေးလို့ လို့ ပြောနေလို့ ခု မ ဝယ်ပေးထားတဲ့ ဒီနာရီ ခဲရောင် g-shock လေးကို စုမြတ်ကို ပေးမလို့ သူက ဒီညေန မြစ်ကြီးနား ပြန်မှာမရဲ့ အချိန်က လေဆိပ်ဆင်းဖို့ နီးနေတာမို့ သွားဝယ်ရအောင်လည်း မဖြစ်တော့ဘူး ပြီးတော့ စုမြတ်ကလည်း နှင်းဦးလက်ထဲက ပတ္ထားတဲ့နာရီကိုပဲ လိုချင်တာတဲ့ "
နှင်းဦး G-Shock လေးကိုလက်က ဖြုတ်ပြီး
"မ နှင်းဦး ကို မဆူပါနဲ့နော် ခု နှင်းဦးပေးလိုက်ရင် နောက်ထပ် ထပ်ဝယ်ပေးမှာ မို့လား အခုအသစ်ထွက်နေတယ်ပြောတယ် ဝယ်ပေးပါနော် ဟို စုမြတ်ကို ဒီနာရီလေး ပေးလိုက်ပြီ"
YOU ARE READING
မ ရဲ့ တောင်တန်းကြီး
Romanceနှလုံးသားဖြူစင်တဲ့ ပရဟိတဘုရင်မလေးတစ်ပါးကို ချစ်မိသွားတဲ့ ဆရာဝန်မလေး ထိုဘုရင်မလေးက သူမစွန့်ပစ်ခဲ့ဖူးသူတစ်ယောက်ဖြစ်နေတဲ့အခါ မာနကြောင့်ခံပြင်းမိသူ ဒေါက်တာ ဝင့်သူအောင် နာကျင်မှုတွေထွေးပိုက်ကာ မေတ္တာငတ်နေရှာတဲ့ နှလုံးသားဖြူစင်သူလေး၊ စွန့်ပစ်ခံရမှာကြောက်...