မရဲ့တောင်တန်းကြီး
အခန်း(၁၄)
GL story
"ကေလး"
ဝင့်စကားကို ကားမောင်းနေသော် သူမေလးက မကြားဟန်ပြုနေသည်။ ဝင့်နဲ့ နှင်းဦးတို့ ဆဒုံးရေတံခွန်ကို သွားလည်နေကြခြင်းပါ။
"ကေလး ကိုယ်ခေါ်နေတာမကြားဘူးလား"
"ဒေါက်တာ နှင်းဦးတို့မောင်းနေတဲ့ လမ်းက တစ်ဖက်ကချောက်၊ တစ်ဖက်ကတောင်မို့ နှင်းဦးကားမောင်းတာကို အာရုံစိုက်လို့မရဘူးလား"
"အမေလး နှင်းဦးမောင် ရှင်ဘယ်တုံးက ကားမောင်းတာကို တောင်ပေါ်မြေပြန့်ခွဲခြား တတ္သြားတာတုံး ကိုယ်မင်းကို မေးစရာလေးရှိလို့ပါကွာ"
ဝင့်စကားကြောင့် သူမေလး သွားချွန်လေးတွေ ပေါ်အောင်ပြုံးလိုက်တာ မြင်လိုက်ရပါသည်။
"မေးလေ ဒေါက်တာ "
"ဆဒုံးရေတံခွန်က စည်လားဟင် သူ့ရဲ့ထူးခြားချက်တွေသိလား"
"သိတ်တော့ နှင်းဦးလည်း သေချာမသိဘူး ဒေါက်တာရဲ့ တကယ္က ရေတံခွန်နာမည်က လန်းနခ ရေတံခွန်ပါ ကချင်နာမည်နဲ့ ဘယ်လိုအဓိပ္ပါယ် ရောက်တယ်တော့ မသိဘူး ဒီရေတံခွန်က ဆဒုံးမြို့ မရောက်ခင်မှာ ရှာတွေ့တာဆိုတော့ အလွယ်ပဲ ဆဒုံး ရေတံခွန်ဆိုပြီးခေါ်လိုက်တာ ထူးခြားတာက မြစ်ကြီးနား ကပဲလာလာ ဟိုတရုတ်ပြည်ကပဲလာလာ လမ်းတွေကကွေ့ကောက်နေပြီး အန္တာရယ်များတာပဲ ခုနှစ်ဆင့်ထိရှိတယ်ပြောတယ် ဒါပေမယ့် အဲ ခုနှစ်ဆင့်အထိ သက်ဆိုင်ရာက တက်ခွင့်မပေးဘူး တစ်ဝက်လောက်တင် ကန့်သတ်ထားပြီး အန္တာရယ် ဆိုင်းဘုတ် ထောင်ထားတယ် ရေတံခွန်က လှတာတော့ အရမ်းလှတယ် ရေကြည်တယ်ဆိုတာ မြေအောက်က သဲမှုန်မွှားလေးတွေ အစ ကြည့်လို့ရတယ် ။နှင်းဦးအကြိုက်ဆုံးက ရေတံခွန်နားတစ်လျောက်က ကချင်စားသောက်ဆိုင်လေးတွေပဲ ကချင်ထမင်းဟင်းကို ဈေးနှုန်းချိုပြီး အရသာရှိရှိ စားလို့ရတယ်"
"မင်းပြောတော့ သိတ်မသိဘူးတာဆိုတယ် အချက်အလက် က ပြည့်စုံသားပဲ မင်းကခဏခဏ ရောက်တာလား"
"အင်း အဲလိုပဲပြောရမယ်ထင်တယ် မရည်ရွယ်ပဲ ရောက်ဖြစ်တာပါ ကန္ပိုက္တီ သွားရင် ဖြတ်သွားဖြတ်လာမို့ ဒီမွာပဲ ထမင်းစားနားလိုက်တာမိူ့ ရောက်ဖြစ်တယ် ပြောရမယ်"
YOU ARE READING
မ ရဲ့ တောင်တန်းကြီး
Romanceနှလုံးသားဖြူစင်တဲ့ ပရဟိတဘုရင်မလေးတစ်ပါးကို ချစ်မိသွားတဲ့ ဆရာဝန်မလေး ထိုဘုရင်မလေးက သူမစွန့်ပစ်ခဲ့ဖူးသူတစ်ယောက်ဖြစ်နေတဲ့အခါ မာနကြောင့်ခံပြင်းမိသူ ဒေါက်တာ ဝင့်သူအောင် နာကျင်မှုတွေထွေးပိုက်ကာ မေတ္တာငတ်နေရှာတဲ့ နှလုံးသားဖြူစင်သူလေး၊ စွန့်ပစ်ခံရမှာကြောက်...