15.8K 943 1
                                    

မရဲ့တောင်တန်းကြီး

အခန်း(၄)

Girl love story

"မမနှင်းဦးမောင် ပြန်လာပြီ"

"ခင်ဦးမေ ကြီးမေဘယ်မှာလဲ ဒီမွာ ဒေါက်တာအတွက်အခန်းစီစဉ်ခိုင်းထားတာရှိတယ် လိုက်ပို့ပေးပါ ပြီးတော့ ရေနွေးအမြန်ယူခဲ့ပေး"

ခြံကျယ်ကျယ် ဝင်းကြီးအတွင်းကို ဆိုင်ကယ်ထိုးရပ်လိုက်ပြီး နှင်းဦးမောင် တလစပ်အမိန့်တွေပေးသည်။နှစ်ထပ်တိုက်ပုလေး။အပေါ်ထပ်အခန်းဆီမှာ မှန်တွေတပ်ဆင်ထားတာများ အခန်းပြည့်။ခေတ်မှီတာထက်လွန်ပါသည်။

"လာ ဒေါက်တာ အခန်းထဲအရင် သွားနှင့်ပါနော် နှင်းဦးခဏနေလိုက်လာခဲ့ပါမယ်။"

နှင်းဦးက ဆိုင်ကယ်ကို ဂိုထောင်ထဲသွင်းရင်း ပြောသွားသည်။ကြီးမေက ဝင့်လက်ကိုဆွဲကာ အပေါ်ထပ်သို့ ခေါ်သွားသည်။

" လာဒေါက်တာ ဒီအခန်းက ဒေါက်တာအတွက်စီစဉ်ပေးထားတာ ဒီကပ္လ်ွက္က သမီးနှင်းဦးမောင် အခန်း"

ဝင့် သူမနေရမည့် အခန်းကိုဝေ့ဝဲကြည့်မိသည်။ပိတ်မှောင်နေတဲ့အခန်းကို လိုက်ကာတစ်ချပ်ဆွဲဖယ်မိတော့ ချက်ချင်းလင်းထိန်လာသည်။မှန်ချပ်တွေ ကတဆင့်။ဟိုးခုနက ဝင့်တို့ဖြတ်ကျော်လာသည့် ချောင်း။ပြီးတော့ မြက်ခက်စိမ်းစိမ်း လွင်ပြင်ကြယ်ကြီး။အနားသပ် တောင်တန်းကြီးအလှ။ ဝင့် မင်သက်စွာ ငေးနေမိသည်။လှလိုက်တာ။ သဘာဝပန်းချီကားကြီးကို စီးမျောနေမိသည်။

"ဒေါက်တာ ခင်ဦး ဝင်ခဲ့မယ်နော်"

ခင်ဦးဆိုသော ကောင်မလေး လက်ထဲတွင်ညဝတ်အကျီၤနှင့် ဘောင်းဘီရှည်။တဘက်ဖြူဖြူ တစ်ထည်။

"မမနှင်းဦးမောင် ပို့ခိုင်းလိုက်တာ"

"အော် ကျေးဇူး ကေလး အမဝင့်လေ ရေချိုးချင်တယ်"

"ဟုတ် ရေချိုးခန်း ဒီမွာ လေ"

"အင်း အင်း"

ဝင့်ခင်ဦး ထွက်သွားသည်နှင့် ရေချိုးခန်းထဲဝင်ပြီး ရေမိုးချိုးလိုက်သည်။မှန်ရှေ့တွင် စိုနေသော ဆံပင်ကောက်ကောက်တချို့ကို သုတ်ရင်း မှန်ထဲက ကိူယ့်ပုံရိပ်ကိုယ်ပြန်ကြည့်နေမိသည်။

မ ရဲ့ တောင်တန်းကြီးWhere stories live. Discover now