မရဲ့ တောင်တန်းကြီး။
အခန်း (၃၁)
GL story
"မေရ နှင်းဦး မ အတွက် နာရီလေး ဝယ်ခဲ့.....။"
ခါတိုင်းလို နှင်းဦး မကို အော်ခေါ်နေကျမို့ လူအရင်မရောက်ခင် အသံလေးတကြောကြောဖြင့် အိမ်ထဲကို လှမ်းအဝင်။
ဧည့်ခန်းထဲတွင် မနဲ့အတူ အမျိုးသမီးတစ်ယောက်။ကျော်ခိုင်းထား၍ ထိုအမျိုးသမီးဘယ်သူဆိုတာ နှင်းဦးမသိပါ။ နှင်းဦးသိတာ မရဲ့မျက်လုံးတွေ ငိုထားတာ မို့အစ်နေသည်။ဒေါသလျံကျနေသည့် မ မျက်နှာက နှင်းဦးတစ်ယောက်ထဲအတွက် ကွက်၍ လျံကျနေသော ဒေါသမျိုး။ ဧည့်ခန်းရှိတီဘီတွေ၊ ခုံတွေ ပစ္စည်းတွေ ၊ ပန်းအိုးတွေ မွစကျဲနေသည်။ နှင်းဦးမ ဖို့ ဝယ်လာသည့် နာရီဗူးလေးကိုင်၍ မဆီ ခြေလှမ်းတွေအလှမ်း
"နှင်းဦးမောင် နင်ငါရှေ့က ထွက်သွားစမ်း"
မရဲ့အေးစက်စက်အသံကြောင့် နှင်းဦး ရင်ထဲတုန်ကျသွားသည်။ မကြောင့် ခုနက ကျော်ပေးထားသော အမျိုးသမီးကပါ နှင်းဦးကို ထအကြည့်
"ဟင် မမ မြတ်လွန်းသူ"
နှင်းဦးလက်ထဲက မဖို့ နာရီလေး အောက်သို်ကျဆင်းသွားသည်။
"နင်ငါတိူ့ကို ဒုက္ခပေးလိူ့ မဝေသးဘူးလား နှင်းဦးမောင်"
"ဟာ မဟုတ္တာ နှင်းဦးက ဘာကိုဒုက္ခပေးရမှာလဲ မမမြတ်လွန်းသူ မမမြတ်လွန်းနဲ့ နှင်းဦးက ဘဝတစ်ကွေ့မှာ အပြီးအပိုင် ပြီးခဲ့ပြီ ဘာမ့ှလည်း နွယ်စရာမလိုတော့သလို ဘာစကားမ့ှလည်းပြောဖို့ မလိုဘူး နှင်းဦးရင်ထဲမှာလဲ ခု မ အတွက်ပဲ အချစ်ကရှိတော့တာ အတိတ်တွေထဲက နှင်းဦးရဲ့ ဖြစ်တည်မှု နိမ့်ပါးမှုတွေကို လက်မခံခဲ့တဲ့ မမမြတ်လွန်းအတွက် နှင်းဦးအချစ်တွေ ခပ်ပါးပါးတောင် မကျန်တော့ဘူး။ မမမြတ်လွန်း မလုပ်ပါနဲ့နော် နှင်းဦးတဲ့ မကို သွေးမခွဲပါနဲ့မကို နှင်းဦးဘဝအတွက် လိုအပ်မှန်းသိလို့ မအနားရောက်အောင် နှင်းဦး နှစ်တွေအကြာကြီး ကြိုးစားခဲ့ရတာပါ မကိုချစ်လွန်းလို့ မရဲ့ ဘဝထဲကို ဇွတ်တိုးဝင်ခဲ့တာပါ နှင်းဦး မကို ချစ်ခဲ့တာ ဘာအရောင်တွေမ့ှ မပါခဲ့ပါဘူး နှင်းဥိီးရဲ့ နှလုံးသားက မကို လိုလိုလားလား လိုအပ်ခဲ့တာမို့ နှင်းဦး မကို......မကို"
YOU ARE READING
မ ရဲ့ တောင်တန်းကြီး
Romanceနှလုံးသားဖြူစင်တဲ့ ပရဟိတဘုရင်မလေးတစ်ပါးကို ချစ်မိသွားတဲ့ ဆရာဝန်မလေး ထိုဘုရင်မလေးက သူမစွန့်ပစ်ခဲ့ဖူးသူတစ်ယောက်ဖြစ်နေတဲ့အခါ မာနကြောင့်ခံပြင်းမိသူ ဒေါက်တာ ဝင့်သူအောင် နာကျင်မှုတွေထွေးပိုက်ကာ မေတ္တာငတ်နေရှာတဲ့ နှလုံးသားဖြူစင်သူလေး၊ စွန့်ပစ်ခံရမှာကြောက်...