မရဲ့တောင်တန်းကြီး
အခန်း(၂၇)
GL story
New ocean မွာ။
မေမေရယ်၊ဝင့်ရယ် ပြီးတော့ မြတ်လွန်းတို့ သားအမိရယ် ၊ဝင့်မောင်လေးရယ် ရောက်နေကျသည်။ မေမေက ဘယ်အချိန် ထဲ က မြတ်လွန်းကိုခေါ်ထားသည်မသိ ။နံနက်မိုးလင်းထဲက မြတ်လွန်းတို့သားအမိတွေ ဝင့် အိမ်ရောက်ချလာသည်။ ရောက်လာတာလည်း အထုပ်အပိုးတချို့နဲ။ မြတ်လွန်း နှင့် မြတ်လွန်း၏ သားလေး မင်းမခလေး။ မြတ်လွန်းက သူ့အိမ်က သဘောတူသော လုပ်ငန်းရှင်တစ်ယောက်နဲ့ လွန်ခဲ့သော ၅နှစ်က အိမ်ထောင်ကျသွားခဲ့ပြီလေ။ မြတ်လွန်းသူဆိုတာ ဝင့်နဲ့ပတ်သက်ပြီး ဝင့်တို့တစ်မိသားစုလုံးနဲ့ ရင်းနှီးခဲ့ပေမယ့် ခုအခြေအနေက တူမ့ှမတူတော့ပဲလေ။ အရင်က ဝင့်သူ သိတ်ချစ်ခဲ့ရတဲ့ မြတ်လွန်း။ ခု အိမ်ထောင်ရှင် မြတ်လွန်း ဖြစ်နေပြီ။ ဝင့်သူစိတ်ထဲမှာ မြတ်လွန်းကို ညီမတစ်ယောက်လို သဘောထားဖို့ ကြိုးစားရတာမလွယ်ဘူးလေ။ ဘယ်လိုအချစ်မျိုး ဘယ်အခြေအနေထိ ဝင့်နဲ့ မြတ်လွန်း နီးစပ်ခဲ့တယ်ဆိုတာ နှစ်ယောက် လုံးအသိ။ ဝင့်ကိုမရွေးချယ်ပဲ တခြားတစ်ယောက်ကို ရွေးချယ်သွားခထဲက ဘဝေတြ ကျောခိုင်းခဲ့ကြတာပဲကို။ ဘာကြောင့်များ လာနွယ် နေရပြန်တာတုံး။ မေမေဘာတွေအကွက်ချနေမှန်း ဝင့်တစ်ယောက် နားမလည်နိုင်တော့ချေ။ဝင့်မှာ နှင်းဦးမောင်ရှိနေပြီလေ။ တမြို့တရွာကနေ ဝင့်ရှိရာ ခိုလုံနေတဲ့ ကေလးအနားမွာ ဝင့်ကပ်နေခွင့်လေးတောင် မရနိုင်အောင် မေမေက ရက်စက်လွန်းအားကြီးလှပါတယ်။"တီဝင့် သားကိုပွေ့ပါ"
မင်းမခလေး ကြောင့် ဝင့် မင်းမခလေးကို ပွေ့ချီပြီး မေမေနဲ့ မြတ်လွန်းဈေးဝယ်သည့်နောက်ကို တကောက်ကောက်လိုက်နေမိသည်။ တခါတခါမြတ်လွန်းကပါ ဝင့်အနား လာလာရပ်သဖြင့် ဝင့်တို့ပုံစံက မိသားစု ပုံလေး ဖြစ်နေပါတော့သည်။ ဝင့်က အိမ်နေရင်းမို့ ရှပ်အကျီချဉ်သား ပန်းရောင် နဲ့ အနက်ရောက် ဘောင်းဘီ ကိုဝတ်ထားပါသည်။ ဝင့်အရပ်ကြီးကလည်း ရှည်လွန်းတာကြောင့် ဝင့်ပုံစံက ခါတိုင်းလို မိန်းမ ဆန္မေနပဲ။ ဝင့်ဘောင်းဘီ အိတ်ထဲမ့ှ ဖုန်းမြည်လာသည်။ ဝင့်ရဲ့ ကလေးလေးဆီမ့ှ
YOU ARE READING
မ ရဲ့ တောင်တန်းကြီး
Romanceနှလုံးသားဖြူစင်တဲ့ ပရဟိတဘုရင်မလေးတစ်ပါးကို ချစ်မိသွားတဲ့ ဆရာဝန်မလေး ထိုဘုရင်မလေးက သူမစွန့်ပစ်ခဲ့ဖူးသူတစ်ယောက်ဖြစ်နေတဲ့အခါ မာနကြောင့်ခံပြင်းမိသူ ဒေါက်တာ ဝင့်သူအောင် နာကျင်မှုတွေထွေးပိုက်ကာ မေတ္တာငတ်နေရှာတဲ့ နှလုံးသားဖြူစင်သူလေး၊ စွန့်ပစ်ခံရမှာကြောက်...