၂၁

13.2K 714 1
                                    

မရဲ့တောင်တန်းကြီး

အခန်း(၂၁)

GL story

"အမေလး လူနာတော့ကုန်ပါပြီ ကုန်ပါပြီ အမဝင့်သူ အမ"

ထားမြတ်အသံကြီး ဝင့်နားထဲ ကန့်လန့် ကန့်လန့်ဝင်လာသည်။ ကျိန်းစပ်နေတဲ့ မျက်လုံးအိမ်တွေကြား အလင်းရောင်တချို့ တိုးဝင်လာသည်။ဝင့် မျက်လုံးတွေဖွင့်လိုက်တော့ ကေလးက ဝင့်ရဲ့ ရင်ဘတ်အောက်မှာ။ ဝင့်ကလေးကို အပေါ်ကနေဖက်ထားပြီး အိပ်ပျော်ခဲ့ခြင်းပေ။ကလေးကိုကြည့်တော့ အိပ်ပျော်နေတုံး။

"ထားမြတ်ရယ် ဖြေးဖြေးအော်ပါ ကလေးနိုးသွားအုံးမယ်"

ဝင့်ထထိုင်ပြီး ကလေးအနားကခွာလိုက်ရပါသည်။

"ရော့ အမဝင့်သူစားဖို့ မနက်စာယူခဲ့တယ် အားကိုးရတဲ့ လူနာစောင့်နော် လူနာကိုတက္ဖိထားတာ"

ဝင့်ထားမြတ်ကိုလှမ်း ရိုက်လိုက်ပြီး

"ခ်စ္တာကိုး ထားမြတ်ရဲ့ ကျေးဇူး ပဲ မနက်စာအတွက်"

"ရပါတယ် နှင်းဦးသတိရပြီလားဟင်"

"အင်းညက သတိရလာတယ် ဒဏ်ရာတွေက နာနေအုံးမယ် ညက အိပ်ပျော်နေတဲ့ ကြားကတစ်ချက်တစ်ချက် ညည်းနေရှာတယ် ထားမြတ်ရယ် မသေကောင်းမပျောက်ကောင်း ဘုရားကယ်လို့တာပေါ့"

"အမဝင့်သူရဲ့ နှင်းဦးကစိတ်ထားကောင်းတဲ့ သူတော်ကောင်းမလေးပါနော် လွယ်လွယ်လွင့်စင်မယ့် ထဲမွာမပါပါဘူး အမဝင့်သူကိုထားခဲ့ပြီး သူထွက်မသွားဘူး သူက အမဝင့်ကို စိတ်မ့ှ မခ်ဘဲကိုး"

"ဟုတ်ပါပြီ ဟုတ်ပါပြီ ကိုယ်မျက်နှာ သစ်အုံးမယ်"

"အိမ္မျပန္ဘူးလား ထားမြတ်က နေ့ခင်းမ့ှ ဂျုတီပြန်ဝင်ရမှာ ခု နှင်းဦးအနားမှာ နေပေးလို့ အချိန်ရတယ်"

"ရပါတယ် ဒီမွာပဲ ရေမိုးချိုးလို့ရတာပဲ ဟိူမှာလေ အဝတ်အစားအိတ်ကြီး"

"LOL အမဝင့်က ထားမြတ်ကို မယုံတာလား နှင်းဦးကို စိတ်မချတာလား"

"နှစ်ခုစလုံးပဲ"

ဝင့်ရယ်ပြီး ပြောတော့ ထားမြတ်ကမျက်နှာမဲ့ပြသည်။

မ ရဲ့ တောင်တန်းကြီးWhere stories live. Discover now