မရဲ့တောင်တန်းကြီး
အခန်း (၁၀)
GL Story
"အမနှင်းဦး ကျွန်တော်တို့ခင်မင်မှုကို အသိအမှတ်ပြုရင်သောက်ပါ"
လီဆူး ကောင်လေး၊ကောင်မလေးတွေ တောင်းဆိုကြပြီ။ ခေါင်ရည်တွေ၊ဘီယာတွေ နှင့်။ဝင့်နမှာကပ်ထိုင်နေသည့် နှင်းဦးတစ်ယောက်အကျပ်ရိုက်ရလေသည်။ ဘီယာလည်း မသောက်တတ်။ခေါင်ရည်လည်း တစ်ခါမ့ှ မသောက်ဖူးနဲ့။
"ဟိုလေ သီချင်းဆိူပြမယ်လေနော်"
"Ok ဒါဆိုဟုတ်ပြီ"
ဝင့်လည်း ထိုအခါမွ့ သက်ပြင်းချရဲပါသည်။ဒေသအစဉ်အလာမို့ ငြင်းလျှင်ရိုင်းသည်ဟူ ထင်ခံရမှာ စိုးရိမ်မိသည်မဟုတ်လား။
အေအးဓာတ္က ကျောထဲထိစိိမ့်တက်လာသည်။ မီးပုံဘေးတွင် ထိုင်ရင်း ညဥ့်ကတဖြေးဖြေးနက်လာသည်။ ဟောလိုဂီတာမ့ှ သံစဉ်တချို့ အေးစိမ့်မှုနဲ့ ခုန်ထွက်လာသည်။ ဂီတာသံလေးနဲ့အတူ အသံအေးအေးကြည်ကြည်လေးပါ မရှေးမနှောင်းထွက်လာသည့်အခါမှာတော့ ဝင့်နဲ့မျက်နှာချင်းဆိုင် ခုံမှာထိုင်ရင်း သီဆိုနေသည့် နှင်းဦးမောင် ကို ဝင့်စူးစိုက်ငေးမောနေမိသည်။ဆံနွယ်တွေကိုဘေးတစောင်းချထားလျက် ဟောလိုဂီတာတီးခတ်နေသော မိန်းမပျိုလေးတစ်ဦး။ဆိုနေသည့် ခပ်အေးအေးအဆွေးသီချင်းနှင့်အပြိုင် ဝဲတက်နေသော မျက်ရည်များနဲ့ ပြည့်နက်နေသောမျက်ဝန်းတွေ။ တစ်ချက်တစ်ချက်ရှိုက်ရှိုက်ငင်ငင် ဆွဲဆိုနေသည့် အချစ်သီချင်းဆီမ့ှ အလွမ်းတွေ။နာကျဉ်မှုတွေ။ တမ်းတမှုတွေ။မီးရောင်ဆီမ့ှ ထင်ဟတ်လာသော အဝါရောင် အလင်းတွေကြောင့်လည်းပါမည်။သီချင်းကို ပြီးဆုံးသွားမှာ ဆိုးသည့်စိတ်။ တိတ်ဆိတ်သွားမယ့် ဂီတသံကို နှာမျောတဲ့စိတ်။ စသည့်ခံစားချက်ပေါင်းစုံလင်စွာနှင့် ဝင့်တို့နားထောင်သူတွေငေးကြည့်နေကျသည်။ နှင်းဦးမောင်
မင်းရဲ့အတိတ်မှာ ဘယ်သူတွေရှိခဲ့ဖူးတာလဲ။"Okပြီမို့လား ဟင် နှင်းဦးကို ဒီလောက်နဲ့ပဲ ရပ်နားခွင့်ပြုပါနော်"
နှင်းဦးမောင် ပြောပြောဆိုဆို ဝင့်အနားမှာ ပြန်လာထိုင်သည်။ အားလုံးမင်တက်နေရာမ့ှ သတိဝင်လာကာ လက်ခုပ်တွေတီးကျသည်။
ESTÁS LEYENDO
မ ရဲ့ တောင်တန်းကြီး
Romanceနှလုံးသားဖြူစင်တဲ့ ပရဟိတဘုရင်မလေးတစ်ပါးကို ချစ်မိသွားတဲ့ ဆရာဝန်မလေး ထိုဘုရင်မလေးက သူမစွန့်ပစ်ခဲ့ဖူးသူတစ်ယောက်ဖြစ်နေတဲ့အခါ မာနကြောင့်ခံပြင်းမိသူ ဒေါက်တာ ဝင့်သူအောင် နာကျင်မှုတွေထွေးပိုက်ကာ မေတ္တာငတ်နေရှာတဲ့ နှလုံးသားဖြူစင်သူလေး၊ စွန့်ပစ်ခံရမှာကြောက်...