Chapter - 1

36.9K 1.2K 10
                                    

ငယ်

Chapter 1

"မင်းက gay သွားတာလား..."

ကျန်းချန်ရဲ့စကားကြောင့် ပြောလက်စ စကားတွေ ရပ်တန့်သွားတဲ့ ရှောင်းကျန့်။ မေးလည်းမေးတက်ပါတယ် ကျန်းချန်ရယ်။
ရှောင်းကျန့်ဆိုတဲ့သူဟာ မ gay လို့ မိန်းမတစ်ယောက်နဲ့ သားလေးတစ်ယောက်တောင် ရှိနေတယ်ဆိုတာကို ကျန်းချန်မေ့နေတာတော့ မဟုတ်လောက်ပါဘူးမလား။ ဒါပေမယ့် အိပ်ယာထဲမှာလဲနေတဲ့ ရှောင်းကျန့်ဇနီး ချင်းချင်းကို မတွေ့တာကြာလို့မေ့သွားတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

"ကျန်းချန်"

"အင်း.."

ရှောင်းကျန့်ရဲ့ခေါ်သံကို ကျန်းချန်ကစိတ်ဝင်တစားထူးသည်။

" မင်းသိတယ်မလား။ ငါက ကျန်းမာသန်စွမ်းနေတဲ့ ယောကျားတစ်ယောက်ဆိုတာ...."

" အင်း ငါသိတယ်..."

"ဒါပေမယ့် ခုချိန်မှာ ငါက မိန်းမရှိရက်နဲ့ မိန်းမကိုအလှကြည့်နေရတာကွာ။ ဒါကြောင့် ယောကျားတစ်ယောက်ဖြစ်တဲ့ငါရဲ့ ခန္ဓာကိုယ်က လိုအပ်နေတဲ့အရာတွေ ဆန္ဒတွေကို သူမက မဖြည့်စီးပေးနိုင်ဘူး...."

" အင်း မင်းဆက်မပြောလည်း ငါနားလည်ပါတယ် ရှောင်းကျန့်ရာ။ ငါနားလည်ပါတယ် ချင်းချင်းလို ရောဂါသယ်မိန်းမတစ်ယောက်က မင်းကိုအိမ်ထောင်ရေး သုခတွေမပေးနိုင်တော့ အပြင်မှာအပျော်ရှာတယ်ဆိုတာ ငါနားလည်ပါတယ်.."

ကျန်းချန်စကားကို ရှောင်းကျန့် ခေါင်းလေးငြိမ့်ပြတော့စကားဆက်သည် ကျန်းချန်စကားပြန်ဆက်သည်။

"ဒါပေမယ့် ဘာလို့ ကောင်လေးတစ်ယောက်လဲ ရှောင်းကျန့် "

ကျန်းချန်စကားကြောင့် မဲ့ပြုံးလေးပြုံးလာတဲ့ ရှောင်းကျန့်။

"ငါ ချင်းချင်းနေရာမှာ ဘယ်မိန်းမကိုမှ အစားမထိုးချင်ပါဘူး ကျန်းချန်။ ဒါပေမယ့် ငါ့ကကျန်းမာသန်စွမ်းတဲ့ ယောက်ျားလေးတစ်ယောက်ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ကလိုအပ်နေတဲ့ ဆန္ဒတွေအတွက် အပျော်မရှာပဲနဲ့လည်းမနေနိုင်ပြန်ဘူး။ ဒါပေမယ့်လည်း တစ်ခြားမိန်းမတွေနဲ့လည်း ငါမအိပ်ချင်ဘူး။ ဘာလို့လည်းဆိုတော့ အခြားမိန်းမတွေနဲ့ အပျော်မိရှာလို့ တစ်ခြားမိန်းမတွေရဲ့ အနှောင်အဖွဲ့တွေနဲ့ ချုပ်တီးလာမယ့် ကြိုးတွေကိုလည်း ငါမခံစားချင်တော့လို့။ ပြီးတော့ ငါ့ရဲ့ဆန္ဒကိုဖြည့်စီးပေးနေတဲ့လူကြောင့် ချင်းချင်းကို အနောက်အယှက် ဖြစ်မှာလည်းမလိုလားဘူး။
ဒါကြောင့် ငါ့လိုအင်ဆန္ဒတွေကိုဖြည့်စီးပေးနိုင်တဲ့ ကောင်လေးတစ်ယောက် လိုချင်တယ်။ ရှင်းရှင်းပြောမယ်ကွာ ငါ့ခန္ဓာကိုယ်ကလိုအပ်နေတဲ့ sex ကိစ္စအတွက်ဆိုရင် ငါလိုအပ်နေတဲ့အချိန်တိုင်း ငါ့နားရှိနေပေးနိုင်တဲ့ ကောင်လေးတစ်ယောက်ကိုလိုချင်တယ်။ အဲ့ဒါကြောင့် အဲ့လိုရှိနေပေးနိုင်တဲ့လူမျိုးကို မင်းရှာပေးနိုင်မလား ကျန်းချန်.."

ငယ် 💚❤ ( Completed )Onde histórias criam vida. Descubra agora