1

29.3K 1.2K 51
                                    

Zawgyi

"​မောင်​ ကျွန်​​တော့်​ကို နားလည်​​ပေးပါလား.."

"အခု ဒါကိုစကားလုပ်​​ပြော​နေတာလား ထယ်​.."

ကော်​ဖီခွက်​​တွေက အ​ပူ​ငွေ့ငြိမ်းသွား​ချေပြီ။ရင်​ထဲကအပူမီးက​တော့ တ​မြေ့​မြေ့လှိုက်​စားဆဲ။ရက်​စက်​လိုက်​တာထယ်​။
လက်​ဖျား​​လေး​တွေကို ဖိပွတ်​ရင်း ထယ်​ကသူ့အကြည့်​​တွေကို ​ရှောင်​လွှဲသည်​။

"ကျွန်​​တော်​​တောင်းပန်​ပါတယ်​ ​မောင်​ရယ်​!"

တုန်​ရီသံပါ​နေတဲ့ထယ့်​စကား​ကြောင့်​ လက်​သီး​တွေကိုခပ်​တင်းတင်းဆုတ်​မိသည်​။ထယ်​မငိုစမ်းနဲ့။

"​မောင်​လက်​ခံလာ​အောင်​ ကျွန်​​တော်​ ကြိုးစားမှာပါ..
တကယ်​လို့ လက်​မခံနိုင်​ရင်​လည်း ​မောင့်​ဘ​ဘောအတိုင်း
ကျွန်ေ​တာ်​လက်​ခံမှာပါ ​မောင်​..."

မနက်​ခင်းထမင်းဝိုင်းက ထယ်​ထွက်​သွားသည်​။ပေါင်​မုန့်​နဲ့​ကော်​ဖီ​တွေက​တော့အရာမယွင်း​ချေ။

"သား!အ​မေနဲ့ ခဏ​လောက်​​တွေ့ရ​အောင်​​နော်​"

ထယ့်​​မေ​မေဆီကဖုန်း။ဂျောင်​ဂုသက်​ပြင်းချမိသည်​။
ကျွန်​​တော့်​ဘက်​ကို​ရော ကြည့်​​ပေးကြပါလားဗျာ။

မျက်​လုံးဝိုင်း​လေး​တွေနဲ့ က​လေး​လေးက ထယ့်​ရဲ့မိတ္တူပွား​လေးအတိုင်း။ချစ်​ပစ်​ချင်​​ပေမယ့်​ ချစ်​လိုက်​လို့မရ။ချစ်​ရသူ့ကိုယ်​ပွား​လေးက သူ့​သွေးသားမှမဟုတ်​တာ။
ခပ်​တင်းတင်းစိုက်​ကြည့်​မိ​တော့ သူ့ကို​ကြောက်​သလိုရွံ့သလိုအမူအယာနဲ့ ထယ့်​​မေ​မေ​နောက်​မှာ ပုန်း​နေသည်​။

"အားလုံးက အ​မေတို့အမှား​တွေပါသား..
ထယ်​​လေးအပြစ်​မဟုတ်​ပါဘူး အ​မေတို့​တွေ
မိုက်​ခဲ့မိတယ်​ လက်​ခံ​ပေးပါလို့ အ​မေမ​တောင်းဆိုပါဘူး
သားသ​ဘောကျ ဆုံးဖြတ်​ပါ အ​မေတို့လက်​ခံပါ့မယ်​.."

"အဟား.."

ရယ်​သံနှင့်​ဆန့်​ကျင်​ဘက်​ သူ့ရင်​ထဲမှာ မိုးပြို​နေခဲ့ပြီ။
သားသ​ဘောကျ ဆုံးဖြတ်​ပါတဲ့။ထယ်​လည်း သူ့ကိုဒီလို​ပြောခဲ့တာပဲ။
သရဲ​ကြောင်​ပြီး သူ့ကို​ရွေးချယ်​မှု လုပ်​ခိုင်းကြသည်​။ကိုယ်တိုင်​မ​ဆုံးဖြတ်​ရကြဘူးလား။
သူထယ့်​ကို ဘယ်​​လောက်​​တောင်​ ချစ်​လိုက်​ရသလဲ။
ရက်​စက်​တယ်​ထယ်​။ထယ်​ ကိုယ့်​အ​ပေါ်​နွေး​ထွေးလာလို့ ထယ့်​အချစ်​​တွေ ပိုင်​ဆိုင်​ရပြီမှတ်​တာ။အခု​တော့ ကွာရှင်းရလည်း ထယ့်​အတွက်​ ပြဿနာမရှိဘူး​ပေါ့။
ချစ်​ရသူရှိမှန်းသိသိကြီးနဲ့ ထယ့်​ကိုပိုင်​ဆိုင်​ရ​အောင်​ လက်​ထပ်​ခဲ့မိတဲ့ ကိုယ့်​အတွက်​ ၀ဋ်​လည်​တာလား။

𝑭𝒂𝒎𝒊𝑳𝒚 [[𝑻𝒂𝒆𝒌𝒐𝒐𝒌]] 𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Dove le storie prendono vita. Scoprilo ora