Intro

26.8K 1.1K 12
                                    

{Zawgyi}

"အကယ်​၍သင်​ကိုယ်​တိုင်​Systemတစ်​ခုအတွင်းဝင်​​ရောက်​ကာကံကြမ္မာကို​ပြောင်းလဲ​နိုင်​သည်​ဆိုရင်​သင်​ယုံမလား"

ရုတ်​တရက်​ကွန်​ပျူတာသုံး​နေစဉ်​အနီရဲရဲစာတန်း​နှင့်အတူ​၀င်​​ရောက်​လာ​သောMessage​ကြောင့်​ရိ​ပေါ်တစ်​​ယောက်​​ကြောင်​အသွား​လေသည်​....

နံရံ​ပေါ်တွင်​တဂျက်​ဂျက်​မြည်​​နေ​သောတိုင်​ကပ်​နာရီကိုလှမ်းကြည့်​လိုက်​​တော့ည12နာရီတိတိ....

ဝင်​​ရောက်​လာ​သောMessageတွင်​​နေရာယူထားသောSystemဆိုသည့်​စကား​ကြောင့်​စိတ်​၀င်​စားမိသည်​ကအမှန်​ပင်....

"YES"ဟူ​သောစကားလုံးကိုနှိပ်​သင့်​မနှိပ်​သင့်​စဉ်းစားချင့်​ချိန်​ရင်းmouse​ကိုင်​ထား​သောလက်​ကတစ်​ဖြည်းဖြည်း​ရွေ့လျားသွား​လေသည်​။screen​ပေါ်ကမြှားငယ်​​လေးမှာလည်း"YES"ဆို​သောစာတန်းကိုဦးတည်​လျက်​...

တက္ကသိုလ်​​ကျောင်းသားတစ်​​ယောက်​ဖြစ်​လင့်​ကစားအရာရာကိုစူးစမ်းချင်​စိတ်​ကသာမန်​လူထက်​များ​နေသည်​မှာသဘာဝပင်​....

"အကယ်​၍သင်​ယခုပင်​Systemတစ်​ခုအတွင်းဝင်​​ရောက်​နိုင်​မည်​ဆိုလျှင်​၀င်​​ရောက်​ချင်​ပါသလား"

"YES"ဆို​သောစကားလုံးကိုနှိပ်​လိုက်​သည်​နှင့်​ထပ်​မံ​ပေါ်​ပေါက်​လာ​သောစာတန်းတစ်​ခု...လက်​သည်​လည်းအငြိမ်မနေစွာလက်​ခံလိုက်​မိပြန်​သည်​.....

"Systemအတွင်း​​​၀င်​​ရောက်​ရန်လက်​ခံလိုက်​ပါကသင်​အဆင့်​5ဆင့်​ဖြတ်​​ကျော်​ရမည်​ဖြစ်​သည်​စိတ်​၀င်​စားပါကYESကိုနှိပ်​​ပေးပါ"

"အဆင့်5ဆင့်?ဘယ်လိုအဆင့်မျိုးလဲ​သေချာလည်းမရှင်းပြထားဘူးငါလက်​ခံလိုက်​ရမလားဆိုးကျိုး​တော့မရှိနိုင်​ပါဘူး​နော်​"

ရိ​ပေါ်တစ်​ကိုယ်​တည်း​ရေရွတ်​ရင်းကမ်းလှမ်းချက်​ကိုလက်​ခံရန်​ဆုံးဖြတ်​လိုက်​သည်​....

"လူကြီးမင်းရဲ့​ပေးပို့ချက်​ကိုရရှိပြီးဖြစ်​ပါသည်​Systemမှကြိုဆိုပါတယ်​"

Because Of a SystemWhere stories live. Discover now