Mission-1:Kill or Surrender?

7.2K 770 10
                                    

{Zawgyi}

"​ရှောင်း..​ရှောင်းကျန့်​"

"​ကောင်​​လေးအဲ့နားကိုဘာလာလုပ်​တာလဲ"

'​သေပြီ..ရိပ်​မိသွားတာလားမသိဘူး'

ခေါင်းထဲအချက်​​ပေးသံများစွာနဲ့လက်​က​သေနတ်​ဆီလှမ်းပြီးသားအနီးအနားပတ်​၀န်းကျင်​တွင်​မည်​သူမှမရှိ​သော​ကြောင့်​အခုကရိ​ပေါ်အတွက်​အ​ကောင်းဆုံးအခွင့်​အ​ရေးပင်​..

သို့​သော်​နှုတ်​ခမ်း​အောက်​ကမှဲ့နက်​က​လေးနှင့်​နှုတ်​ခမ်းပါး​လေးကရိ​ပေါ်ကို​တွေ​ဝေ​စေပြန်​သည်​...

"ဟို..ဟိုကျွန်​​တော်​..အင့်​"

"​ကောင်​​လေးအဲ့နားကအရမ်းအန္တရာယ်​များတာမသိဘူးလားတစ်​ခုခုဖြစ်​သွားရင်​ဘယ်​လိုလုပ်​မလဲ"

တင်းကြပ်​စွာအဖက်​ခံလိုက်​ရခြင်းနှင့်အတူပခုံးထက်​မှစိုစွတ်​မှု​ကြောင့်​ရိ​ပေါ်​ကြောင်​သွားမိသည်​...

ကိုယ်​က​တော့ရိပ်​မိသွားတာလားဟုစိုးရိမ်​​နေခဲ့​သော်​လည်းသူက​တော့ကိုယ့်​ကိုစိတ်​ပူ​နေခဲ့တာတဲ့လား...

'ကျွန်​​တော့်​ကိုပို​​တွေ​ဝေ​အောင်​လုပ်​​နေတာလားခင်​ဗျားရာ...'

"ကိုယ်​..ကိုယ်​မင်းကိုမြင်​​တော့အရမ်းစိတ်​ပူသွားတာ​ကောင်​​လေးရယ်​"

သေနတ်​ဆီ​ရောက်​​နေ​သောလက်​များကအလိုလို​ငို​နေသူရဲ့​နောက်​​ကျောဆီရောက်​သွား​လေသည်​...

'ခဏ..ခဏ​တော့သူစိတ်​ထဲရှိတဲ့အတိုင်းပြုမူလို့ရတယ်​မလားပြီး..ပြီးမှMissionအတွက်​လုပ်​လို့ရတယ်​မလား'

"စိတ်​မပူပါနဲ့ကျွန်​​တော်ဘာမှမဖြစ်​ပါဘူးကျွန်​​တော်​အဆင်​​ပြေတယ်​​နော်​"

ရှောင်းကျန့်​ရဲ့ပခုံး​ပေါ်ကို​မေးတင်​ရင်း​နောက်​​ကျောကိုအသာပွတ်​သပ်​ကာ​ချော့မြူလိုက်​သည်​....

သူတကယ်​မသိပါဒါက​ရှောင်းကျန့်​ရဲ့​နောက်​ပုံစံတစ်​ခုလားလုပ်​ယူထားတဲ့အရာလားဆိုတာ​မြေ​အောက်​​လောကမှာနာမည်​ကြီးတဲ့သူကလည်းဒီလို​ပျော့ညံ့တတ်​ပါ့မလားဆိုတာသူတကယ်​မသိပါ....

Because Of a SystemWhere stories live. Discover now