Ending 2

4.2K 540 20
                                        

{Unicode}

ပစ္စည်းတွေသိမ်းနေရင်း ဝမ်ရိပေါ်အခန်းပေါက်ကို ခဏခဏလှည့်ကြည့်နေမိသည်။

အခန်းပေါက်ကိုပဲ အာရုံရောက်နေတဲ့ဝမ်ရိပေါ်ဟာ ပစ္စည်းသိမ်းတဲ့ဆီမရှိတော့ ပစ္စည်းတွေကခဏခဏပြုတ်ကျပြီး အလွှဲလွှဲအချော်ချော်နဲ့....

ပါးနဲ့အိမ်ထော်ထိန်းက သူတို့သိမ်းမယ်ပြောသော်လည်း လူကြီးတွေဖြစ်နေတဲ့ပါးတို့ကို မသိမ်းခိုင်းစေချင်တာမို့ ကိုယ့်ဟာကိုယ်သိမ်းရင်း လူတစ်ယောက်ရောက်လာမလား မျှော်နေရသည်။

ဝမ်ရိပေါ်သတိရပြီး တစ်ပတ်ပြည့်တဲ့ဒီနေ့မှာပဲ ဆေးရုံဆင်းရတော့မယ်။ တကယ်ဆိုသူက ဘာဆိုဘာမှမဖြစ်တာမို့ လွန်ခဲ့တဲ့သုံးရက်လောက်ကတည်းက ဆေးရုံဆင်းလို့ရနေပြီ။

သို့သော် ဝမ်ရိပေါ်ဟာသူရဲ့ကောရှိတဲ့ ဆေးရုံကနေမခွာချင်တော့ ဉာဏ်များပြီး ဆေးရုံမှာကုပ်ကပ်နေတာ အခုတစ်ပတ်ပြည့်တဲ့နေ့အထိပဲ။

ဒီတစ်ပတ်အတွင်းလည်း ကောကသူ့ဆီခဏခဏရောက်လာပြီး စကားပြောပေးတာတို့ရှိသောကြောင့် ကောနဲ့လည်းအတော်အသင့်ရင်းနှီးနေပြီ။

အဲ့ကနေအဆင့်တက်ဖို့တော့ ဝမ်ရိပေါ်ကြိုးစားရအုံးမည်။ Systemကြောင့်စတင်ချစ်မိခဲ့တဲ့ ထိုလူသားကို ဝမ်ရိပေါ်လက်မလွှတ်နိုင်ပေ....

အချစ်ဟာ ပေးဆပ်ခြင်းလား ရယူခြင်းလားမသိပင်မဲ့ ဝမ်ရိပေါ်အတွက်တဲ့ သူ့ချစ်ရတဲ့လူသားကိုပိုင်ဆိုင်ရမှဖြစ်မည်။

ပစ္စည်းသိမ်းပြီးကုတင်ပေါ်ထိုင်လိုက်တဲ့အခိုက် အပြင်ဘက်ကနေနီးကပ်လာသော ခြေသံတိုးဖွဖွနှင့် ရနံ့သင်းသင်းလေးကြောင့်သူမျှော်နေသူ ရောက်လာပြီမှန်းသိလိုက်ရသည်။

ဒီတစ်ပတ်အတွင်းစားလိုက်အိပ်လိုက်နဲ့ ဆေးရုံထဲလာပြီးအပန်းဖြေနေခဲ့သောကြောင့် ပိုဖောင်းလာသောပါးတွေ မို့တက်သည်အထိအပြုံးကြီးကြီးတစ်ခုကို ချိတ်ဆွဲလိုက်ပြီး ဝင်လာမည့်သူကိုကြိုဆိုနေလိုက်သည်။

"ကော~~~ဟင်"

တံခါးပွင့်သွားသည်နှင့် လာပြီလားဟုပြောမယ်ကြံကာရှိသေး နောက်ကဆက်ဝင်လာသော လူကြောင့်တန့်သွားခဲ့သည်။

Because Of a SystemOnde histórias criam vida. Descubra agora