Mission-1:Kill or Surrender?

8.7K 899 16
                                    

{Zawgyi}

"ခွမ်း...!!!"

ရုတ်​တရက်​မြင်​လိုက်​ရ​သောမျက်​နှာ​ကြောင့်​လက်​ထဲမှဝိုင်​ပုလင်းလွတ်​ကျသည်​အထိရိ​ပေါ်အံ့ဩသွားခဲ့သည်​....

ဝိုင်​ပုလင်းကျကွဲသံ​ကြောင့်​ထင်​လှည့်​ကြည့်​လာ​သောအညို​ရောင်​မျက်​၀န်းတစ်​စုံကကြယ်​တာရာထဲ​ရောက်​​နေသလိုခံစားရ​စေအထိတလက်​လက်​ဖြစ်​​နေသည်။ ပန်းဆီ​ရောင်​မထူမပါးနှုတ်​ခမ်းတစ်​စုံနှင့်​ထိုနှုတ်​ခမ်း​အောက်​ကမှဲ့နက်​က​လေးကပိုဆွဲအားပြင်း​နေသလို....

ကိုယ်​​လောက်​မဖြူ​သော်​ငှါးဖြူ​နု​သောအသားအရည်​နှင့်​​ထင်း​နေ​သော​သွေး​ကြောစိမ်း​တွေကဆွဲ​ဆောင်​နိုင်​စွမ်းအပြည့်​နှင့်​ထိုသူရဲ့မျက်​နှာကိုကြည့်​ရင်းအခုန်​မြန်​လာ​သောနှလုံးသားကတစ်​စုံတစ်​ခုကိုညွှန်​ပြ​နေသလို....

'အချစ်​ဆိုတာဒါမျိုးလား'

ထိုသူရဲ့လှပ​သောကြယ်​တာရာမျက်​၀န်းတစ်​စုံနှင့်​မှဲ့နက်​က​လေးကြားယစ်​မူး​နေမိသည်​မှာကိုယ့်​​ကြောင့်​ကျကွဲသွား​သောဝိုင်​ပုလင်းကိုလည်း​မေ့၊မိမိလုပ်​ရမည့်​တာဝန်​ကိုလည်းသတိမရ​တော့....

'​ချောရက်​လိုက်​တာ'ဟုစိတ်​ထဲမှာ​ရေရွတ်​မိသည်​အထိထိုSean Xiaoဟူ​သောလူသားသည်​အ​ချောကြီး​ချောလွန်းသည်​....

'ငါကငါ​ရှေ့ကဒီလူသားကိုသတ်​ရမှာတဲ့လား'

စောက်​Systemရဲ့ယုတ်​မာမှု​ကြောင့်​ကိုယ်​ရဲ့ပထမဆုံးရင်​ခုန်​သံကိုကိုယ်​ပြန်​သတ်​ရမည့်​အဖြစ်​မှာဆိုးရွားလွန်းသည်​....

ကမ္ဘာအစစ်​မှာ​တောင်​မဖြစ်​​ပေါ်ဖူး​သောရင်​ခုန်​ခြင်းကSystemရဲ့တီထွင်​မှုတစ်​ခုဖြစ်​တဲ့ပုံရိပ်​​ယောင်​လူသားတစ်​​ယောက်​​ကြောင့်​ဖြစ်​​ပေါ်လာသည်​ဆို​တော့ရိ​ပေါ်ဆို​သောကျွန်​​တော်​သည်​ကံအလွန်​​ကောင်း​နေခဲ့သည်​လား....

"ဟိတ်​​ကောင်​​လေး...အဆင်​​ပြေရဲ့လား"

Sean Xiaoရဲ့​ချော​မောလှ​သောမျက်​နှာကိုသတိလက်​လွတ်​​ငေး​နေမိရာမှသူရဲ့အသံနှင့်​အတူမျက်​နှာ​ရှေ့​ဝှေ့ယမ်းလာ​သောသွယ်​လျသည့်​လက်​တစ်​ဖက်​​ကြောင့်​သတိပြန်​၀င်​ကာအ​ယောင်​​ယောင်​အမှားမှားနှင့်​ဘာလုပ်​ရမည်​မသိ....

Because Of a SystemWhere stories live. Discover now