Final Mission

4.4K 547 82
                                    

{Zawgyi}

"ချီးပဲအား..!!!ဒေါသထွက်လိုက်တာ..ဘောကိုချစ်တာလား ချစ်တယ်ပြောပြီး မျက်နှာတစ်ချက်မပျက်ဘဲသတ်ရက်တယ်..ရှောင်းကျန့်ခင်ဗျားဖလပ်ပဲ...!!!"

ဘေးနားကတိုင်ကို ပိတ်ကန်လို့ဒေါသကို ​ဖြေလျော့နေမိသည်။ ​သေတာနဲ့ချက်ချင်းနောက်ဘဝကို ကူးခိုင်းသောSystemကြောင့် ခုနကသွေးပွက်ပွက်အန်နေပြီး အားမရှိစွာလဲကျနေရာမှ အခုဒေါင်ဒေါင်မြည်အနေအထားရောက်လာသောအခါ ဘေးကတွေ့တဲ့ဟာကိုပိတ်ကန်နေမိသည်။

ချက်ချင်းတော့ဒေါသကမပြေနိုင်။ ခံပြင်းတာကော စောက်မြင်ကပ်တာရောကြောင့် Systemအားအကျိုးအကြောင်းတောင် မမေးနိုင်ဘဲပေါက်ကွဲနေရသည်။

"လူကြီးမင်း...ဒီတစ်ခေါက်.."

"ပိတ်ထား..အခုလာမပြောနဲ့စမ်း ငါဒေါသထွက်နေတယ် ဘယ်မှာလဲငါ့ကိုသစ္စာဖောက်ပြီးသတ်တဲ့လူ..ဘယ်မှာလဲပြော..!!!"

"လူကြီးမင်းအရှေ့မှာလေ..."

ဖလပ်ပဲ...တကယ်ဟပြောထားသားပဲ ငါရှေ့ပေါ်မလာနဲ့လို့ အခုတော့တွေ့ကြသေးတာပေါ့ ရှောင်းကျန့်ရာ....

ဒောသကြောင့် ​နေ့ခင်းကြောင်တောင်တောင်ရှေ့မှာ ရပ်နေတဲ့သူကိုမမြင်မိ။ အခုတော့လူကိုယ်တိုင်မြင်ရပြီဆိုတော့ ​ဒေါသတွေကိုဒီတိုင်ပေါ်လွှဲချစရာမလိုတော့....

ရှေ့တည့်တည့်က ဖြတ်လျှောက်သွားသောချစ်ရသူမည်သည့် လူသားရဲ့ဘေးတစ်စောင်းမျက်နှာကို ​ငေးမောဖို့စိတ်ကူးမရှိတော့ဘဲ ​စောင့်ကန်ချင်စိတ်သာဖြစ်နေမိသည်။

Actionကားတွေထဲက လူမိုက်တွေလို လက်ဆစ်တွေချိုး လည်ပင်းတွေအကြောလျော့ ခြေထောက်ကိုအားထည့်ကာ လမ်းလျှောက်နေသောလူဆီ အပြင်းပြေးသွားလိုက်သည်။

နောက်ဆုံးအားကုန်ပစ်ထည့်ကာ အားရပါးရပိတ်ကန်ပလိုက်သည်။ ဒါတောင်ဒေါသမပြေသေးဘူးဟ....

ရိပေါ်ကန်လိုက်တာ အားပါမပါတော့မသိဘူး ဟိုလူကအရှေ့ကိုသုံးပေလောက်လွှင့်ပြီး ပစ်စလက်ခတ်ပြုတ်ကျသွားသည်။

ဟက်...အားများပျော့သွားသလားလို့လေ ဖြစ်နိုင်ရင်ကန်ချင်သေးတယ်...

Because Of a SystemWhere stories live. Discover now