Mission-4:To retake the throne

4.7K 535 16
                                    

{Zawgyi}

"အခြေအနေဘယ်လိုရှိလဲ..."

လေတိုးသံသဲ့သဲ့နှင့်အတူ စကားသံသဲ့သဲ့ကြောင့်လေးကန်နေသော မျက်ခွံတို့ကိုကြိုးစားဖွင့်ကြည့်မိသည်။

မျက်လုံးပွင့်ပွင့်ချင်းတွေ့လိုက်ရသော မရင်းနှီးသည့်အပြင်အဆင်တစ်ချို့ကြောင့် ရုတ်တရက်တော့လန့်သွားမိသည်။

လဲနေရာမှထထိုင်လိုက်တော့ ခန္ဓာကိုယ်ပေါ်ဝေ့ဝဲကျလာသော ရှည်လျားနက်မှောင်သည့် ဆံပင်တစ်ချို့နှင့်နန်းတွင်းကားတွေ၌သာ တွေ့ဖူးသောအဝတ်အစားတို့ကြောင့် ​ရှေးခေတ်အခါကိုရောက်ရှိနေပုံရသည်။

Systemကတော့ ဝမ်ရိပေါ်အဘေးတို့တောင် မမှီလိုက်တဲ့ရှေးခေတ်ကို ပို့ပြီးဘယ်လိုသွေးအန်အောင် ပြုလုပ်အုန်းမည်မသိ...

"မှတ်ဥာဏ်တွေပေးပို့လိုက်ပါပြီလူကြီးမင်း..."

Systemရဲ့သတိပေးချက်နှင့်အတူ ​ရောက်ရှိလာသောများပြားလှသည့် အချက်အလက်တွေကြောင့် မျက်လုံးကိုမှိတ်၊ နားထင်ကိုလက်နဲ့ထောက်ထားမိသည်။

ဒီတစ်ခါတော့ဝမ်ရိပေါ်မဟုတ်တော့ဘဲ တခြားနာမည်တစ်ခုပြောင်းထားလေသည်။

ရိပေါ်အခုရောက်ရှိနေတာ လန်ဝမ့်ကျီ(ခေါ်)လန်ကျန့်ဆိုသောမင်းသားငယ်ရဲ့ခန္ဓာကိုယ်ထဲ...လန်ကျန့်ဆိုသောမင်းသားငယ်တွင် လန်ရှီချန်းဟုခော်သောအိမ်ရှေ့စံအစ်ကိုတော်တစ်ပါးသာရှိသည်။

လန်ရှီချန်းနဲ့လန်ကျန့်တို့ရဲ့ခမည်းတော် အုပ်ချုပ်သောလန်နိုင်ငံတော်သည် စီးပွားရေးအတော်အသင့်အဆင်ပြေပြီး သာယာသောနိုင်ငံအလယ်အလတ်တစ်ခု...

လန်နိုင်ငံရဲ့ကောင်းမွန်သော ​မြေဆီဩဇာနဲ့သံယဇာတတို့ကြောင့် လန်နိုင်ငံကိုမျက်စိကျနေသော တခြားနိုင်ငံများစွာရှိပေသည်။

သို့သော်စစ်အင်အားလည်းတောင့်တင်းပြီး လန်စစ်သားတိုင်းကတစ်ဖက်ကမ်းခတ် မြှားနဲ့ဓားရေးမှာတော်လွန်းတာကြောင့် ​တော်ရုံနိုင်ငံကလန်နိုင်ငံကိုမထိရဲ...

လန်ဘုရင်မှာလည်း တိုင်းပြည်ကိုဘယ်လိုအုပ်ချုပ်ရမလဲဆိုတာ အချက်အချာကျကျသိသောကြောင့် လန်နိုင်ငံသည်တဖြည်းဖြည်းပိုစည်ကားလာသည်။

Because Of a SystemWhere stories live. Discover now